VeVe အခ်ိဳရည္စက္႐ံု လုပ္သားေတြရဲ႕ ေတာင္းဆိုခ်က္အားလံုးကို လိုက္ေလ်ာေပးခဲ့

0
1699

ဆႏၵထုတ္ေဖာ္ခဲ့တဲ့ VeVe အခ်ဳိရည္ စက္႐ံုလုပ္သားေတြရဲ႕ ေတာင္းဆိုခ်က္အားလံုးကို လုပ္ငန္းရွင္ ဘက္ကေန လိုက္ေလ်ာခဲ႔ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးက ေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ၿပည္ႀကီးတံခြန္ျမိဳ႕နယ္ veve အခ်ဳိရည္ စက္ရံုက အမ်ဳိးသမီး လုပ္သားေတြအေနနဲ႔ ဇန္နဝါရီလ ၃၁ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ႔ၿပီး ေတာင္းဆို ခ်က္ ဆယ့္ငါးခ်က္ ေတာင္းဆိုခဲ႔ၿပီး လုပ္ငန္းရွင္ဘက္ကေန ေတာင္းဆိုမႈအားလံုးကို လိုက္ေလ်ာေပးခဲ႔တာျဖစ္ပါတယ္။

ေတာင္းဆိုခ်က္ ဆယ့္ငါးခ်က္အထဲက ဆယ့္သံုးခ်က္ကို ဆႏၵထုတ္ေဖာ္မႈ ပထမေန႔ကတည္းက ေျပလည္မႈရရွိခဲ႔တာျဖစ္ျပီး က်န္တဲ့ႏွစ္ခ်က္ကိုေတာ့ ေလးရက္တာ ညွိႏိႈင္းခဲ႔ရျပီး ေဖေဖာ္ဝါရီလ သံုးရက္ေန႔မွာ ေျပလည္မႈရရွိခဲ႔ၿပီး ႏွစ္ဖက္ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ႏိုင္တာျဖစ္ပါတယ္။

အင္တာဗ်ဴး ေဒၚၾကင္ၾကင္ေဝ အေထြေထြမန္ေနဂ်ာ
Veve အခ်ဳိရည္ စက္ရံု

ေတာင္းဆိုခ်က္ေတြထဲက ႏွစ္တိုးေၾကးခံစားခြင့္ျပဳဖို႔နဲ႔ အလုပ္အသြားအျပန္ဖယ္ရီ စီစဥ္ေပးဖို႔ ကိစၥေတြကို ခက္ခက္ခဲခဲညွိႏိႈင္းခဲ႔ၾကရတာပါ။

လုပ္ငန္းရွင္ေတြ အေနနဲ႔ ဆႏၵထုတ္ေဖာ္ခဲ႔သူေတြကို အလုပ္ထုတ္ပယ္သြားမွာ မဟုတ္ပဲ လုပ္ငန္းတိုးတက္ဖို႔ကိုသာအာရံုစိုက္သြားမွာျဖစ္တယ္လို႔ သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။

အင္တာဗ်ဴး ေဒၚၾကင္ၾကင္ေဝ အေထြေထြမန္ေနဂ်ာ
Veve အခ်ဳိရည္ စက္ရံု

ဆႏၵထုတ္ေဖာ္တဲ့ အမ်ဳိးသမီး အလုပ္သမားေတြနဲ႔ လုပ္ငန္းရွင္ အၾကားမွာ အလုပ္သမားအဖြဲ႔အစည္းေတြနဲ႔ အလုပ္ရွင္ အလုပ္သမား ညွိႏိႈင္းျဖန္ေျဖေရးအဖြဲ႔ေတြကေန ၾကားဝင္ ေဆာင္ရြက္ ေပးခဲ႔ၾကတာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန္ဒထုတ်ဖော်ခဲ့တဲ့ VeVe အချိုရည် စက်ရုံလုပ်သားတွေရဲ့ တောင်းဆိုချက်အားလုံးကို လုပ်ငန်းရှင် ဘက်ကနေ လိုက်လျောခဲ့ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် veve အချိုရည် စက်ရုံက အမျိုးသမီး လုပ်သားတွေအနေနဲ့ ဇန်နဝါရီလ ၃၁ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပြီး တောင်းဆို ချက် ဆယ့်ငါးချက် တောင်းဆိုခဲ့ပြီး လုပ်ငန်းရှင်ဘက်ကနေ တောင်းဆိုမှုအားလုံးကို လိုက်လျောပေးခဲ့တာဖြစ်ပါတယ်။

တောင်းဆိုချက် ဆယ့်ငါးချက်အထဲက ဆယ့်သုံးချက်ကို ဆန္ဒထုတ်ဖော်မှု ပထမနေ့ကတည်းက ပြေလည်မှုရရှိခဲ့တာဖြစ်ပြီး ကျန်တဲ့နှစ်ချက်ကိုတော့ လေးရက်တာ ညှိနှိုင်းခဲ့ရပြီး ဖေဖော်ဝါရီလ သုံးရက်နေ့မှာ ပြေလည်မှုရရှိခဲ့ပြီး နှစ်ဖက် သဘောတူ စာချုပ်ချုပ်ဆိုခဲ့နိုင်တာဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်ကြင်ကြင်ဝေ အထွေထွေမန်နေဂျာ
Veve အချိုရည် စက်ရုံ

တောင်းဆိုချက်တွေထဲက နှစ်တိုးကြေးခံစားခွင့်ပြုဖို့နဲ့ အလုပ်အသွားအပြန်ဖယ်ရီ စီစဉ်ပေးဖို့ ကိစ္စတွေကို ခက်ခက်ခဲခဲညှိနှိုင်းခဲ့ကြရတာပါ။

လုပ်ငန်းရှင်တွေ အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို အလုပ်ထုတ်ပယ်သွားမှာ မဟုတ်ပဲ လုပ်ငန်းတိုးတက်ဖို့ကိုသာအာရုံစိုက်သွားမှာဖြစ်တယ်လို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

အင်တာဗျူး ဒေါ်ကြင်ကြင်ဝေ အထွေထွေမန်နေဂျာ
Veve အချိုရည် စက်ရုံ

ဆန္ဒထုတ်ဖော်တဲ့ အမျိုးသမီး အလုပ်သမားတွေနဲ့ လုပ်ငန်းရှင် အကြားမှာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေကနေ ကြားဝင် ဆောင်ရွက် ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)