မကွေးတိုင်းအတွင်း ဆိုလာတပ်ဆင်တာက အလုပ်ကိုင်အခွင့်လမ်းတွေ ပွင့်လင်းလာနိုင်

0
190

မကွေးတိုင်းအတွင်း ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် တပ်ဆင်ခြင်းကြောင့် ဒေသခံတွရဲ့ အလုပ်အကိုင်အ ခွင့်အလမ်းတွေ ပွင့်လင်းလာနိုင်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

ကျေးရွာနေပြည်သူတွေ၊ ကုမ္ပဏီတွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ရဲ့ ဘတ်ဂျက်စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်ကုန်ကျခံပြီး လယ်မကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က မကွေးတိုင်းဒေကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ လယ်မကျေးရွာ ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ဒေါက်တာအောင်မိုးညို(ဝန်ကြီးချုပ်)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

အသေးစားဓာတ်အားလိုင်းစနစ်ဟာ လယ်မကျေးရွာက အိမ်ထောင်စု ၄၀၀ နီးပါးကို လျှပ်စစ်ထောက်ပံ့ပေးနိုင်မှာ ဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက အသေးစားအလတ်စား လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာနိုင်မယ်လို့ ပြောပါတယ်။

Soundbite – ဒေါက်တာဝင့်ဝင့်ကျော်(Head Of Design & Planning)
Mandalay Yoma Energy Co.Ltd


မကွေးတိုင်းအတွင်း ဆိုလာတပ်ဆင်တာက အလုပ်ကိုင်အခွင့်လမ်းတွေ ပွင့်လင်းလာနိုင်

မကွေးတိုင်းအတွင်း ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် တပ်ဆင်ခြင်းကြောင့် ဒေသခံတွရဲ့ အလုပ်အကိုင်အ ခွင့်အလမ်းတွေ ပွင့်လင်းလာနိုင်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

ကျေးရွာနေပြည်သူတွေ၊ ကုမ္ပဏီတွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ရဲ့ ဘတ်ဂျက်စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်ကုန်ကျခံပြီး လယ်မကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က မကွေးတိုင်းဒေကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ လယ်မကျေးရွာ ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ဒေါက်တာအောင်မိုးညို(ဝန်ကြီးချုပ်)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

အသေးစားဓာတ်အားလိုင်းစနစ်ဟာ လယ်မကျေးရွာက အိမ်ထောင်စု ၄၀၀ နီးပါးကို လျှပ်စစ်ထောက်ပံ့ပေးနိုင်မှာ ဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက အသေးစားအလတ်စား လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာနိုင်မယ်လို့ ပြောပါတယ်။

Soundbite – ဒေါက်တာဝင့်ဝင့်ကျော်(Head Of Design & Planning)
Mandalay Yoma Energy Co.Ltd

အသေးစား လျှပ်စစ်ဓာတ်အားလိုင်းစနစ် စီမံကိန်းဟာ မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ၂၀၃၀ ခုနှစ် ထဲမှာပါဝင်ပြီး အစိုးရက ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံရှိ အိမ်ထောင်စု ၁၀၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားရရှိစေဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)