ေတာင္သူေတြ စုိက္ပ်ဳိးစရိတ္သက္သာဖို႔ သဘာ၀ေျမၾသဇာလုပ္နည္း သင္တန္းေပး (႐ုပ္/သံ)

0
1170

စိုက္ပ်ိဳးမႈကုန္က်စရိတ္ေတြ ေလွ်ာ့ခ်ႏုိင္ဖုိ႔ ေတာင္သူေတြကို သဘာဝေျမၾသဇာ လုပ္နည္းေတြ သင္ၾကားပို႔ခ်ေပးေနပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက စိုက္ပ်ိဳးေရးလုပ္ငန္းကို စီးပြားျဖစ္လုပ္ကိုင္ေနၾကတဲ့ ေတာင္သူေတြရဲ႕ စိုက္ပ်ိဳးမႈကုန္က်စရိတ္ေတြကို ေလွ်ာ့ခ်ႏုိင္ေရးအတြက္ သဘာဝေျမၾသဇာ လုပ္နည္းေတြကို သင္ၾကားပို႔ခ်ေပး ေနပါတယ္။

အဲဒီသင္တန္းေတြကို ေတာင္သူလယ္သမား ဥပေဒအေထာက္အကူျပဳကြန္ရက္က စီစဥ္ေပးေနတာျဖစ္ၿပီး စိုက္ပ်ိဳးေရးကို အဓိထားလုပ္ကိုင္ေနၾကတဲ့ ေက်းရြာေတြမွာ သင္ၾကားပို႔ခ်ေပးေနတာ ျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေဝၿဖိဳး (သင္တန္းဆရာ)
ေရႊဘိုဗုဒၶဘာသာလူငယ္အဖြဲ႔

အဲဒီ သဘာဝေျမၾသဇာျပဳလုပ္တဲ့အခါမွာ အသံုးျပဳရမယ့္ပါဝင္ပစၥည္းေတြဟာ ရခိုင္ေဒသမွာ အလြယ္တကူ ရရွိႏုိင္တဲ့အတြက္ သဘာဝေျမၾသဇာထုတ္လုပ္သံုးစြဲမႈဟာ စိုက္ပ်ိဳးေရးလုပ္ငန္းအေပၚမွာ အေထာက္ အကူ ျပဳႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ေတာင္သူေတြက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးေက်ာ္ဝင္းလိႈင္ (ေတာင္သူ)
ရြာေဟာင္းေတာေက်းရြာ

လက္ရွိမွာ ဓာတုေျမၾသဇာေတြနဲ႔ စိုက္ပ်ိဳးထုတ္လုပ္ေနတ့ဲ အစားအစာေတြရဲ႕ ဆိုးက်ိဳးေတြကို ရင္ဆိုင္ေနၾကရၿပီး သဘာဝ ေျမၾသဇာကို အသံုးျပဳစိုက္ပ်ိဳးတဲ့ ၾသဂဲနစ္ စုိက္ပ်ိဳးေရးလုပ္ငန္းေတြကို ေျပာင္းလဲဖုိ႔အတြက္ အကူအညီမရရွိတာေတြ ေစ်းကြက္လိုအပ္ခ်က္ေတြေၾကာင့္ အဟန္႔အတားေတြ ရွိေနေသးတာပါ။

အင္တာဗ်ဴး – ဦးလင္းႏုိင္(သင္တန္းဆရာ)
ေရႊၿခံေျမကြန္ရက္ (ကြန္းၿခံကုန္း)

အခုလုိမ်ိဳး သဘာဝေျမၾသဇာေတြကို ေတာင္သူေတြကိုယ္တိုင္ ထုတ္လုပ္သံုးစြဲၿပီး ၾသဂဲနစ္စိုက္ပ်ိဳးေရး လုပ္ငန္းေတြ ျဖစ္ထြန္းေအာင္ျမင္လာဖုိ႔အတြက္ ေတာင္သူေတြကို နည္းပညာပံ့ပိုးကူညီမႈေတြ မ်ားမ်ားလုပ္ေပး ဖုိ႔လိုအပ္ေနတယ္လို႔ ေတာင္သူလယ္သမား ဥေပဒအေထာက္အကူျပဳကြန္ရက္က ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်သူတွေ စိုက်ပျိုးစရိတ်သက်သာဖို့ သဘာဝမြေသြဇာလုပ်နည်း သင်တန်းပေး

စိုက်ပျိုးမှုကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့ တောင်သူတွေကို သဘာဝမြေသြဇာလုပ်နည်းတွေ သင်ကြားပို့ချပေးနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေကြတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမှုကုန်ကျစရိတ်တွေကို လျှော့ချနိုင်ရေးအတွက် သဘာဝမြေသြဇာ လုပ်နည်းတွေကို သင်ကြားပို့ချပေး နေပါတယ်။

အဲဒီသင်တန်းတွေကို တောင်သူလယ်သမား ဥပဒေအထောက်အကူပြုကွန်ရက်က စီစဉ်ပေးနေတာဖြစ်ပြီး စိုက်ပျိုးရေးကို အဓိထားလုပ်ကိုင်နေကြတဲ့ ကျေးရွာတွေမှာ သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

အင်တာဗျူး – ဦးဝေဖြိုး (သင်တန်းဆရာ)
ရွှေဘိုဗုဒ္ဓဘာသာလူငယ်အဖွဲ့

အဲဒီ သဘာဝမြေသြဇာပြုလုပ်တဲ့အခါမှာ အသုံးပြုရမယ့်ပါဝင်ပစ္စည်းတွေဟာ ရခိုင်ဒေသမှာ အလွယ်တကူ ရရှိနိုင်တဲ့အတွက် သဘာဝမြေသြဇာထုတ်လုပ်သုံးစွဲမှုဟာ စိုက်ပျိုးရေးလုပ်ငန်းအပေါ်မှာ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တောင်သူတွေက ပြောပါတယ်။

အင်တာဗျူး – ဦးကျော်ဝင်းလှိုင် (တောင်သူ)
ရွာဟောင်းတောကျေးရွာ

လက်ရှိမှာ ဓာတုမြေသြဇာတွေနဲ့ စိုက်ပျိုးထုတ်လုပ်နေတဲ့ အစားအစာတွေရဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်နေကြရပြီး သဘာဝ မြေသြဇာကို အသုံးပြုစိုက်ပျိုးတဲ့ သြဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြောင်းလဲဖို့အတွက် အကူအညီမရရှိတာတွေ ဈေးကွက်လိုအပ်ချက်တွေကြောင့် အဟန့်အတားတွေ ရှိနေသေးတာပါ။

အင်တာဗျူး – ဦးလင်းနိုင်(သင်တန်းဆရာ)
ရွှေခြံမြေကွန်ရက် (ကွန်းခြံကုန်း)

အခုလိုမျိုး သဘာဝမြေသြဇာတွေကို တောင်သူတွေကိုယ်တိုင် ထုတ်လုပ်သုံးစွဲပြီး သြဂဲနစ်စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းအောင်မြင်လာဖို့အတွက် တောင်သူတွေကို နည်းပညာပံ့ပိုးကူညီမှုတွေ များများလုပ်ပေး ဖို့လိုအပ်နေတယ်လို့ တောင်သူလယ်သမား ဥပေဒအထောက်အကူပြုကွန်ရက်က ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)