ရခုိင္မွာ တစ္ႏွစ္ထက္တစ္ႏွစ္ ယာဥ္တိုက္မႈေတြ မ်ားျပားလာ (႐ုပ္/သံ)

0
1162

ယာဥ္တုိက္မႈေတြ ေလ်ာ့က်ေစဖုိ႔ အသိပညာေပးမႈေတြကို ေဆာင္ရြက္ေနေပမယ့္ ရခုိင္ျပည္နယ္မွာ တစ္ႏွစ္ထက္တစ္ႏွစ္ ယာဥ္တိုက္မႈေတြ မ်ားျပားလာေနပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္အတြင္း ယာဥ္တုိက္မႈေတြ ေလ်ာ့က်ေစေရးအတြက္ အသိပညာေပးေဆာင္ရြက္မႈေတြကို ႀကိဳးပမ္းေဆာင္ရြက္ေနေပမယ့္ ေလ်ာ့နည္းသြားျခင္းမရွိဘဲ တစ္ႏွစ္ထက္တစ္ႏွစ္ ယာဥ္တိုက္မႈအေရအတြက္ ပိုမုိ မ်ားျပားလာေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလကေန ၾသဂုတ္လအထိ ယာဥ္တုိက္မႈေပါင္း အယင္ႏွစ္က ယာဥ္တုိက္မႈေပါင္း (၂၇၀) မႈျဖစ္ပြားခဲ့ၿပီး အခုႏွစ္မွာေတာ့ (၂၉၃) မႈထိျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ ၁၂၀ ဦးအထိရွိလာေနတယ္လို႔ ရခုိင္ျပည္နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔က ေျပာပါတယ္။

အင္တာဗ်ဴး – ရဲမွဴးဥာဏ္လင္း
ရခုိင္ျပည္နယ္ယာဥ္ထိန္းရဲတပ္ဖြဲ႔

အခုလိုမ်ိဳး ယာဥ္မေတာ္တဆျဖစ္ပြားမႈေတြမွာ ဆိုင္ကယ္သမားေတြ မ်ားျပားၿပီး ယာဥ္ေမာင္းသူေတြအေနနဲ႔ လည္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းေတြကိုသိရွိေအာင္ မိမိအသိစိတ္ဓာတ္နဲ႔ ျပဳလုပ္ဖုိ႔လိုအပ္တယ္လို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႔ကေျပာပါတယ္။

အင္တာဗ်ဴး – ရဲမွဴးဥာဏ္လင္း
ရခုိင္ျပည္နယ္ယာဥ္ထိန္းရဲတပ္ဖြဲ႔

ရခုိင္ျပည္နယ္အတြင္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းမလိုက္နာသူေတြကို သက္ဆိုင္ရာက အေရးယူမႈေတြ ေဆာင္ရြက္ေနေပမယ့္ ဌာနဆိုင္ရာဝန္ထမ္းေတြအေနနဲ႔လည္း စည္းကမ္းခ်ိဳးေဖာက္မႈေတြရွိေနတယ္လို႔ ရဲမွဴး ဥာဏ္လင္းက ေျပာပါတယ္။ ဒါ့အျပင္ ရခုိင္ျပည္နယ္အတြင္းမွာ ယာဥ္တုိက္မႈေတြဟာ သံတြဲခ႐ုိင္နဲ႔ စစ္ေတြ ၿမိဳ႕နယ္အတြင္းမွာ အမ်ားဆံုးျဖစ္ပြားေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်မှာ တစ်နှစ်ထက်တစ်နှစ် ယာဉ်တိုက်မှုတွေ များပြားလာ

ယာဉ်တိုက်မှုတွေ လျော့ကျစေဖို့ အသိပညာပေးမှုတွေကို ဆောင်ရွက်နေပေမယ့် ရခိုင်ပြည်နယ်မှာ တစ်နှစ်ထက်တစ်နှစ် ယာဉ်တိုက်မှုတွေ များပြားလာနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုတွေ လျော့ကျစေရေးအတွက် အသိပညာပေးဆောင်ရွက်မှုတွေကို ကြိုးပမ်းဆောင်ရွက်နေပေမယ့် လျော့နည်းသွားခြင်းမရှိဘဲ တစ်နှစ်ထက်တစ်နှစ် ယာဉ်တိုက်မှုအရေအတွက် ပိုမို များပြားလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ယာဉ်တိုက်မှုပေါင်း အယင်နှစ်က ယာဉ်တိုက်မှုပေါင်း (၂၇၀) မှုဖြစ်ပွားခဲ့ပြီး အခုနှစ်မှာတော့ (၂၉၃) မှုထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂၀ ဦးအထိရှိလာနေတယ်လို့ ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

အင်တာဗျူး – ရဲမှူးဉာဏ်လင်း
ရခိုင်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့

အခုလိုမျိုး ယာဉ်မတော်တဆဖြစ်ပွားမှုတွေမှာ ဆိုင်ကယ်သမားတွေ များပြားပြီး ယာဉ်မောင်းသူတွေအနေနဲ့ လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကိုသိရှိအောင် မိမိအသိစိတ်ဓာတ်နဲ့ ပြုလုပ်ဖို့လိုအပ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောပါတယ်။

အင်တာဗျူး – ရဲမှူးဉာဏ်လင်း
ရခိုင်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့

ရခိုင်ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူတွေကို သက်ဆိုင်ရာက အရေးယူမှုတွေ ဆောင်ရွက်နေပေမယ့် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လည်း စည်းကမ်းချိုးဖောက်မှုတွေရှိနေတယ်လို့ ရဲမှူး ဉာဏ်လင်းက ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ယာဉ်တိုက်မှုတွေဟာ သံတွဲခရိုင်နဲ့ စစ်တွေ မြို့နယ်အတွင်းမှာ အများဆုံးဖြစ်ပွားနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)