သိမ္းဆည္းခံလယ္ယာေျမေတြျပန္ေပးဖို႔ သံဃာေတာ္တစ္ပါး တစ္ကိုယ္ေတာ္ဆႏၵျပ

0
105

အိမ္ယာစီမံကိန္း ေဖၚေဆာင္မႈမရွိတဲ႔ ေျမယာေတြ သိမ္းဆည္းခံလယ္သမားေတြကို ျပန္ေပးဖို႔ မုံရြာမွာ သံဃာေတာ္တစ္ပါး တစ္ကိုယ္ေတာ္ဆႏၵျပေတာင္းဆိုခဲ႔ပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

၁၉၉၁ ခုႏွစ္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၱီးၿမိဳ႕မွာ ျမစ္ကမ္းပါးၿပိဳက်မႈ ျဖစ္ခဲ႔တာေၾကာင့္ ျမစ္ကမ္းပါးၿပိဳက်ရာမွာ ပါသြားတဲ႔ ေနအိမ္ေတြကုိ အစားျပန္လည္ခ်ထားေပးဖို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ၿမိဳ႕မရပ္ကြက္က လယ္ေျမ ၂၂၃ ဧက ကို သိမ္းယူခဲ႔ၿပီး ေနအိမ္ ၁၀၀၀ ေက်ာ္ အကြက္ရိုက္ခ်ထားေပးခဲ႔တာ ျဖစ္ပါတယ္။

အဲဒီလို ေနအိမ္အကြက္ရိုက္ထားေပမယ့္ ေနအိမ္ ၄၀၀ ေက်ာ္သာ ေဆာက္လုပ္ေနထိုင္ေနၿပီး၊ က်န္အကြက္ ေပါင္း ၇၀၀ ေက်ာ္က အခုအခ်ိန္အထိ ေဆာက္လုပ္ေနထိုင္တာမရွိတာေၾကာင့္ ေျမယာသိမ္းဆည္းခံ လယ္သမားေတြကို ျပန္လည္ ခြဲေဝေပးဖို႔  ခႏၱီးၿမိဳ႕ ၿမိဳ႕မေက်ာင္းဆရာေတာ္က ဆႏၵျပေတာင္းဆိုခဲ႔တာပါ။

Soundbite  ဦးက၀ိပါလ (ေက်ာင္းထိုင္ဆရာေတာ္) ခႏၱီးၿမိဳ႕၊ ၿမိဳ႕မေက်ာင္း

ၿပီးခဲ႔တဲ႔ ၾသဂုတ္လ ၂၀ ရက္ေန႔က သိမ္းဆည္းခံ လယ္သမား ၄၂ ဦးနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြ ေတြ႔ဆုံၿပီး စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔ရဲ႕ ညႊန္ၾကားစာပါ ၿမိဳ႕မရပ္ကြက္က အိမ္ယာစီမံကိန္းမွာ က်န္ရွိေနတဲ႔ ေနအိမ္ အကြက္ ၂၇၃ ကြက္ကို ၿမိဳ႕နယ္ဖြံ႔ၿဖိဳးေရးနဲ႔ ဝန္ထမ္းေတြအတြက္ ခ်န္လွပ္ထားတယ္လို႔  ၿမိဳ႕မေက်ာင္းဆရာေတာ္က မိန္႔ပါတယ္။

ဒါေပမယ့္ ၿမိဳ႕မရပ္ကြက္ အိမ္ယာစီမံကိန္း ေဖၚေဆာင္တုန္းက က်န္ရွိေနတဲ႔ ေျမကြက္ေတြကို နစ္နာသူ လယ္သမားေတြထဲက တစ္ဦးကို ၀ ဒသမ ၉ ဧကႏႈန္းနဲ႔ ျပန္လည္ခြဲေဝၿပီး ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္းေျမစာရင္းဦးစီးမွဴးက ေျပပါတယ္။

Soundbite  ဦးသန္း၀င္း (တိုင္းေျမစာရင္းဦးစီးမွဴး) စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕လယ္ယာေျမသိမ္းဆည္းခံ လယ္သမားေတြက ၂၀၁၆ ခုႏွစ္ စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ခႏၱီးၿမိဳ႕လာေရာက္စဥ္နဲ႔ ၂၀၁၉ ခုႏွစ္ ႏို္င္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ခႏၱီးခရီးစဥ္မွာ လယ္ယာေျမ ျပန္လည္ရရွိေရး ေတာင္းဆိုထားတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

အိမ်ယာစီမံကိန်း ဖေါ်ဆောင်မှုမရှိတဲ့ မြေယာတွေ သိမ်းဆည်းခံလယ်သမားတွေကို ပြန်ပေးဖို့ မုံရွာမှာ သံဃာတော်တစ်ပါး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

၁၉၉၁ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ မြစ်ကမ်းပါးပြိုကျမှု ဖြစ်ခဲ့တာကြောင့် မြစ်ကမ်းပါးပြိုကျရာမှာ ပါသွားတဲ့ နေအိမ်တွေကို အစားပြန်လည်ချထားပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြို့မရပ်ကွက်က လယ်မြေ ၂၂၃ ဧက ကို သိမ်းယူခဲ့ပြီး နေအိမ် ၁၀ဝ၀ ကျော် အကွက်ရိုက်ချထားပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို နေအိမ်အကွက်ရိုက်ထားပေမယ့် နေအိမ် ၄၀ဝ ကျော်သာ ဆောက်လုပ်နေထိုင်နေပြီး၊ ကျန်အကွက် ပေါင်း ၇၀ဝ ကျော်က အခုအချိန်အထိ ဆောက်လုပ်နေထိုင်တာမရှိတာကြောင့် မြေယာသိမ်းဆည်းခံ လယ်သမားတွေကို ပြန်လည် ခွဲဝေပေးဖို့ ခန္တီးမြို့ မြို့မကျောင်းဆရာတော်က ဆန္ဒပြတောင်းဆိုခဲ့တာပါ။

Soundbite ဦးကဝိပါလ (ကျောင်းထိုင်ဆရာတော်) ခန္တီးမြို့၊ မြို့မကျောင်း

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က သိမ်းဆည်းခံ လယ်သမား ၄၂ ဦးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာပါ မြို့မရပ်ကွက်က အိမ်ယာစီမံကိန်းမှာ ကျန်ရှိနေတဲ့ နေအိမ် အကွက် ၂၇၃ ကွက်ကို မြို့နယ်ဖွံ့ဖြိုးရေးနဲ့ ဝန်ထမ်းတွေအတွက် ချန်လှပ်ထားတယ်လို့ မြို့မကျောင်းဆရာတော်က မိန့်ပါတယ်။

ဒါပေမယ့် မြို့မရပ်ကွက် အိမ်ယာစီမံကိန်း ဖေါ်ဆောင်တုန်းက ကျန်ရှိနေတဲ့ မြေကွက်တွေကို နစ်နာသူ လယ်သမားတွေထဲက တစ်ဦးကို ဝ ဒသမ ၉ ဧကနှုန်းနဲ့ ပြန်လည်ခွဲဝေပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းမြေစာရင်းဦးစီးမှူးက ပြေပါတယ်။

Soundbite ဦးသန်းဝင်း (တိုင်းမြေစာရင်းဦးစီးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့

လယ်ယာမြေသိမ်းဆည်းခံ လယ်သမားတွေက ၂၀၁၆ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ခန္တီးမြို့လာရောက်စဉ်နဲ့ ၂၀၁၉ ခုနှစ် နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ခန္တီးခရီးစဉ်မှာ လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုထားတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)