ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ရည်စူးတဲ့ မေတ္တာပို့ ဆုတောင်းပွဲ ပုသိမ်မြို့မှာ ပြုလုပ်

0
360

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ရည်စူးပြီး မေတ္တာပို့ ဆုတောင်းပွဲ ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့ရှိ ကာဘာရ်စတန် သုသာန်အနီးမှာပြုလုပ် ခဲ့တာပါ။

အဲ့ဒီ မေတ္တာပို့ ဆုတောင်းပွဲမှာတော့ ပုသိမ်မြို့ရှိ ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးတွေက ကျောင်းထိုင်ဆရာတော်ကြီး ၅ ပါနဲ့အတူ အစ္စလာမ်ဗလီငါးခုက ရှေ့ဆောင်ဆရာ ၅ ဦးက ဦးဆောင်ပြီး သေဆုံးသူ နှစ်ဦးအတွက် ဘာသာရေး ထုံတမ်းစဉ်လာတွေနဲ့အညီ မေတ္တာပို့ အမျှ ပေးဝေတာတွေနဲ့ ဝတ်ပြုဆုတောင်းတာတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဝတ်ပြုဆုတောင်းပွဲကို ပုသိမ်မြို့ခံ ၁၀၀၀ လောက် တက်ရောက်ခဲ့ကြပြီး စတုဓီသာ ကျွေးမွေးလှူဒါန်းမှုတွေကိုလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)