စီးပွားရေးအဆင်မပြေမှုတွေကြောင့် မသန်စွမ်းတွေ ပညာသင်ကြားဖို့ အခက်ခဲရှိနေ

0
9

မိသားစုစီးပွားရေး အဆင်မပြေမှုတွေနဲ့ ကိုယ်တိုင်ကျောင်းမသွားနိုင်တာကြောင့် ပညာရေး ဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မသန်စွမ်းတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

မသန်စွမ်းသူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိစေရေးအတွက် မသန်စွမ်းသူများဥပဒေကို အစိုးရက ပြဌာန်းကာ ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မသန်စွမ်းသူတွေရဲ့ မိသားစု စီးပွားရေး အဆင်မပြေမှုတွေ၊ မသန်စွမ်းသူတွေ ကို်ယ်တိုင် ကျောင်းတက်ရောက် ပညာသင်ကြားဖို့ အခက်အခဲတွေ ရှိနေတာကြောင့် မသန်းစွမ်းသူတွေအများစုက ပညာရေးဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မြို့တော်ခန်းမမှာ အပြည်ပြည်ဆိုရာမသန်စွမ်းသူများနေ့ ကျင်းပခဲ့တာပါ။

Soundbite ဦးထက်နိုင်ဦး (ချမ်းမြဝတီရပ် မသန်စွမ်းပရဟိတကျောင်း) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

အခုလို ပညာရေး ဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိတဲ့အပြင် အလုပ်အကိုင်ရှာဖွေရာမှာလည်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းတာကို ကြည့်ပြီးရွေးချယ်တာတွေကြောင့် မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မသန်စွမ်းအချို့ ပညာရေးပိုင်းမှာ ထူးချွန်ထက်မြက်မှုရှိပေမယ့် လုပ်ငန်းခွင်တွေမှာ တန်းတူအခွင့်ရေးမရရှိတာတွေလည်း ရှိနေတယ်လို့ မသန်စွမ်းသူတစ်ဦးက ပြောပါတယ်။


စီးပွားရေးအဆင်မပြေမှုတွေကြောင့် မသန်စွမ်းတွေ ပညာသင်ကြားဖို့ အခက်ခဲရှိနေ

မိသားစုစီးပွားရေး အဆင်မပြေမှုတွေနဲ့ ကိုယ်တိုင်ကျောင်းမသွားနိုင်တာကြောင့် ပညာရေး ဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မသန်စွမ်းတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

မသန်စွမ်းသူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှုမရှိစေရေးအတွက် မသန်စွမ်းသူများဥပဒေကို အစိုးရက ပြဌာန်းကာ ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မသန်စွမ်းသူတွေရဲ့ မိသားစု စီးပွားရေး အဆင်မပြေမှုတွေ၊ မသန်စွမ်းသူတွေ ကိုယ်တိုင် ကျောင်းတက်ရောက် ပညာသင်ကြားဖို့ အခက်အခဲတွေ ရှိနေတာကြောင့် မသန်းစွမ်းသူတွေအများစုက ပညာရေးဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မသန်စွမ်းသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မြို့တော်ခန်းမမှာ အပြည်ပြည်ဆိုရာမသန်စွမ်းသူများနေ့ ကျင်းပခဲ့တာပါ။

Soundbite ဦးထက်နိုင်ဦး (ချမ်းမြဝတီရပ် မသန်စွမ်းပရဟိတကျောင်း) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

အခုလို ပညာရေး ဆုံးခန်းတိုင် တက်ရောက်သင်ယူဖို့ အခက်အခဲတွေ ရှိတဲ့အပြင် အလုပ်အကိုင်ရှာဖွေရာမှာလည်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းတာကို ကြည့်ပြီးရွေးချယ်တာတွေကြောင့် မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မသန်စွမ်းအချို့ ပညာရေးပိုင်းမှာ ထူးချွန်ထက်မြက်မှုရှိပေမယ့် လုပ်ငန်းခွင်တွေမှာ တန်းတူအခွင့်ရေးမရရှိတာတွေလည်း ရှိနေတယ်လို့ မသန်စွမ်းသူတစ်ဦးက ပြောပါတယ်။

Soundbite ဦးထက်နိုင်ဦး (ချမ်းမြဝတီရပ် မသန်စွမ်းပရဟိတကျောင်း) မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းနားမှာ စစ်ကိုင်းတိုင်းဒေသကြီး အိစုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းတိုင်းအတွင်းက ပညာရေးနဲ့ အားကစားထူးချွန်တဲ့ မသန်စွမ်းတွေကို ထူးချွန်ဆုပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ် ခင်ဗျာ။