ဆတ္႐ုိးက် တံတားေၾကာင့္ လုပ္ငန္းလုပ္ကိုင္သူေတြ အခက္ေတြ႔ေန (႐ုပ္/သံ)

0
798

စစ္ေတြၿမိဳ႕က ဆတ္႐ုိးးက် အမွတ္ (၁) တံတားကို တည္ေဆာက္လုိက္တဲ့ေနာက္ပိုင္းမွာ စီးပြားေရးလုပ္ငန္းေတြနဲ႔ ေခ်ာင္းထဲသြားလာေနတဲ့ ေမာ္ေတာ္ဘုတ္ေတြ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနၾကရပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

စစ္ေတြၿမိဳ႕ ရြာႀကီးေျမာက္ရပ္ကြက္နဲ႔ ဆတ္႐ုိးက်ကယ္ဆယ္ေရးစခန္းကို ျဖတ္သန္းထားတဲ့ ဆတ္႐ုိးက် အမွတ္ (၁) တံတားကို တည္ေဆာက္ၿပီးတဲ့ေနာက္ပိုင္းမွာ ဆတ္႐ုိးက်ေခ်ာင္းအတြင္း သြားလာေနတဲ့ ေမာ္ေတာ္ဘုတ္ေတြနဲ႔ ေရယာဥ္ႀကီးေတြ သြားလာေရးအခက္အခဲနဲ႔ ႀကံဳေတြ႔ေနၾကရသလို အဲဒီ တံထားအထက္မွာရိွတဲ့ စီးပြားေရးလုပ္ငန္းေတြအတြက္ ထိခိုက္မႈေတြနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

အဲဒီတံတားကို ၿပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေမာ္ေတာ္ႀကီးေတြနဲ႔ တျခားေရယာဥ္ေတြသြားလာတဲ့ အခါမွာ တံတားကိုျမွင့္ေပးလို႔ရတဲ့ စနစ္နဲ႔တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အဲဒီတံတားကို ေမာ္ေတာ္ေတြ သြားလာဖုိ႔အတြက္ တာဝန္ယူေဆာင္ရြက္ေနတဲ့ တံတားအတင္အခ် လုပ္ေပးသူေတြရွိတဲ့အတြက္ ဒီေရက်ခ်ိန္ေတြကို ေစာင့္ဆိုင္းသြားလာေနၾကရတာေၾကာင့္ ခရီးခ်ိန္ ၾကန္႔ၾကာမႈေတြရွိေနၿပီး ေရလမ္းပိတ္ဆို႔ရပ္နားေနၾကရတဲ့အတြက္ ေရယာဥ္တိုက္မႈေတြ မၾကာခဏ ျဖစ္ပြားေနပါတယ္။

အင္တာဗ်ဴး – ဦးထြန္းသိန္း (ေမာ္ေတာ္ဘုတ္သမား)

အခုလုိမ်ိဳး ေမာ္တာ္ေတြတံတားေအာက္က ျဖတ္သန္းသြားလာဖို႔အတြက္ စစ္ေတြၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနကို သြားေရာက္အေၾကာင္းၾကားမႈေတြျပဳလုပ္ၿပီး ေမာ္ေတာ္တစ္စီးကို က်ပ္ႏွစ္ေသာင္း အထိေပးေဆာင္ေနရေၾကာင္း ေမာ္ေတာ္ဘုတ္သမားေတြက ေျပာပါတယ္။

ဦးဝင္းလိႈင္ (ေအာင္သူရ ကုန္စည္ပို႔ေဆာင္ေရးေမာ္ေတာ္)

ဒ့ါအျပင္ တံတားကိုျဖတ္သန္းသြားလာခြင့္ရဖုိ႔အတြက္ အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းေနရတာေတြေၾကာင့္ လုပ္ငန္းခြင့္ ထိခိုက္မႈေတြ၊ လမ္းခရီးသြားလာေရး အႏၱရာယ္ေတြ ျဖစ္ပြားလာႏုိင္တဲ့အတြက္ တံတားျမွင့္ေပးမယ့္ အဖြဲ႔အစည္းတစ္ခုကို သီးသန္႔တာဝန္ေပးထားဖုိ႔လိုအပ္ေၾကာင္း ေမာ္ေတာ္ယာဥ္ပိုင္ရွင္ေတြက ေျပာပါတယ္။

ဦးေအာင္ေက်ာ္စိန္ (သိန္းသန္းေအာင္ ေမာ္ေတာ္ဘုတ္ပိုင္ရွင္)

ေမာ္ေတာ္ဘုတ္ေတြဟာ ဒီေရတက္ခ်ိန္ေတြမွာ သြားလာရတဲ့ေရယာဥ္ေတြျဖစ္ၿပီး အခုလိုမ်ိဳး အခ်ိန္မေတာ္ျဖတ္သန္းသြားလာမႈေတြ ျပဳလုပ္ေနရတဲ့အတြက္ လူေသဆံုးမႈေတြနဲ႔လည္း ႀကံဳေတြ႔ေနရတယ္လို႔ ေမာ္ေတာ္ဘုတ္သမားေတြက ေျပာပါတယ္။ ဒါ့အျပင္ ေမာ္ေတာ္ဘုတ္ေတြအေနနဲ႔ တံတားျဖတ္သန္းခြင့္ရရွိဖုိ႔ အခက္အခဲရွိေနတာေတြနဲ႔ တံတားျမွင့္တဲ့အဖြဲ႔ကို ေငြေပးၿပီးမွ ျဖတ္သန္းေနရတာေတြကို သူ႔အေနနဲ႔ မသိရွိေသးေၾကာင္း ရခုိင္ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆတ်ရိုးကျ တံတားကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေ

စစ်တွေမြို့က ဆတ်ရိုးကျ အမှတ် (၁) တံတားကို တည်ဆောက်လိုက်တဲ့နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ချောင်းထဲသွားလာနေတဲ့ မော်တော်ဘုတ်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နဲ့ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းကို ဖြတ်သန်းထားတဲ့ ဆတ်ရိုးကျ အမှတ် (၁) တံတားကို တည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာ ဆတ်ရိုးကျချောင်းအတွင်း သွားလာနေတဲ့ မော်တော်ဘုတ်တွေနဲ့ ရေယာဉ်ကြီးတွေ သွားလာရေးအခက်အခဲနဲ့ ကြုံတွေ့နေကြရသလို အဲဒီ တံထားအထက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အဲဒီတံတားကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး မော်တော်ကြီးတွေနဲ့ တခြားရေယာဉ်တွေသွားလာတဲ့ အခါမှာ တံတားကိုမြှင့်ပေးလို့ရတဲ့ စနစ်နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီတံတားကို မော်တော်တွေ သွားလာဖို့အတွက် တာဝန်ယူဆောင်ရွက်နေတဲ့ တံတားအတင်အချ လုပ်ပေးသူတွေရှိတဲ့အတွက် ဒီရေကျချိန်တွေကို စောင့်ဆိုင်းသွားလာနေကြရတာကြောင့် ခရီးချိန် ကြန့်ကြာမှုတွေရှိနေပြီး ရေလမ်းပိတ်ဆို့ရပ်နားနေကြရတဲ့အတွက် ရေယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

အင်တာဗျူး – ဦးထွန်းသိန်း (မော်တော်ဘုတ်သမား)

အခုလိုမျိုး မော်တာ်တွေတံတားအောက်က ဖြတ်သန်းသွားလာဖို့အတွက် စစ်တွေမြို့နယ် စည်ပင်သာယာရေးဌာနကို သွားရောက်အကြောင်းကြားမှုတွေပြုလုပ်ပြီး မော်တော်တစ်စီးကို ကျပ်နှစ်သောင်း အထိပေးဆောင်နေရကြောင်း မော်တော်ဘုတ်သမားတွေက ပြောပါတယ်။

ဦးဝင်းလှိုင် (အောင်သူရ ကုန်စည်ပို့ဆောင်ရေးမော်တော်)

ဒါ့အပြင် တံတားကိုဖြတ်သန်းသွားလာခွင့်ရဖို့အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေရတာတွေကြောင့် လုပ်ငန်းခွင့် ထိခိုက်မှုတွေ၊ လမ်းခရီးသွားလာရေး အန္တရာယ်တွေ ဖြစ်ပွားလာနိုင်တဲ့အတွက် တံတားမြှင့်ပေးမယ့် အဖွဲ့အစည်းတစ်ခုကို သီးသန့်တာဝန်ပေးထားဖို့လိုအပ်ကြောင်း မော်တော်ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

ဦးအောင်ကျော်စိန် (သိန်းသန်းအောင် မော်တော်ဘုတ်ပိုင်ရှင်)

မော်တော်ဘုတ်တွေဟာ ဒီရေတက်ချိန်တွေမှာ သွားလာရတဲ့ရေယာဉ်တွေဖြစ်ပြီး အခုလိုမျိုး အချိန်မတော်ဖြတ်သန်းသွားလာမှုတွေ ပြုလုပ်နေရတဲ့အတွက် လူသေဆုံးမှုတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ မော်တော်ဘုတ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် မော်တော်ဘုတ်တွေအနေနဲ့ တံတားဖြတ်သန်းခွင့်ရရှိဖို့ အခက်အခဲရှိနေတာတွေနဲ့ တံတားမြှင့်တဲ့အဖွဲ့ကို ငွေပေးပြီးမှ ဖြတ်သန်းနေရတာတွေကို သူ့အနေနဲ့ မသိရှိသေးကြောင်း ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)