၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျတ်သိမ်းပေးရေး ဆန္ဒပြ (ရုပ်/သံ)

0
1711









>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျတ်သိမ်းပေးရေး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ် ။ ဒီသတင်းကိုMCNသတင်းထောက် ဟန်ထူးဇော်ကပေးပို့ထားပါတယ်

ပဲခူးတိုင်းဒေသကြီးပြည်မြို့က နိုင်ငံရေးအင်အားစုတွေကပူးပေါင်းပြီး ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျတ်သိမ်းပေးရေးကို ဖေဖော်ဝါရီ၃ရက်နေ့ နံနက်၉နာရီမှာ ဆန္ဒပြတောင်းဆိုတောင်းလိုက်ကြပါတယ် ။
အခုလို ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးတောင်းဆိုရတာက ဒီဥပဒေဟာ ပုဒ်မပေါင်း၄၀ဝကျော်မှာ ၃၀ဝကျော်ကပြည်သူတွေအတွက်အကျိုးမရှိတဲ့ ဥပဒေတွေဖြစ်နေတာကြောင့်ဖြစ်ကြောင်း ဦးဆောင်သူကပြောပါတယ် ။

Soundbite ကိုမျိုးသူထွဋ် (လက်တွဲကူမယ်ပြည်လူငယ်)

ဒါအပြင် NLDအစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်တဲ့အချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြင်ဆင်မှုမရှိတာကြောင့် အခုလိုလမ်းလျှောက်ဆန္ဒပြရတာလို့ ဆန္ဒပြသူတွေကပြောပါတယ်။

Soundbite ကိုဝင်းလှိုင်

ဒါအပြင် ဒီဥပဒေဟာ ၂၀ဝ၈နာဂစ်ကာလမှာ အတင်းအကျပ်ပြဌန်းထားတဲ့ ဥပဒေဖြစ်တာကြောင့် အမြန်ဆုံးဖျတ်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲသင့်တယ်လို့ ဆန္ဒပြသူတယောက်ကပြောပါတယ် ။

Soundbite ဦးနိုင်လွင်ချို (သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်)

အဲ့ဒီဆန္ဒပြပွဲကို ပြည်မြို့ ရုံလမ်းဒေါင့်ကနေ စတင်ပြီး ဗိုလ်ချုပ်ကျောက်ရုပ်အထိ လမ်းလျောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် ။ ဒီပွဲကို လက်တွဲကူမယ်ပြည်လူငယ်၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နဲ့နိုင်ငံရေးအင်အားစုတို့က စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကျတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)