သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စေတီတော်ကြီး ထီးတော်သစ်တင်လှူပွဲကျင်းပ (ရုပ်/သံ)

0
1874




စေတီတော်ကြီးဟာမူလဥာဏ်တော် ၇၈ပေရှိရာမှ အခုအခါ ၁၀၈ပေအထိဥဏ်တော်မြင့်တက်ခဲ့ပြီး ရာသီဥတုဒဏ်ခံနိင်အောင် လုံးတော်ပြည့် စတီးရွှေသင်္ကန်းကပ်လှူသွားမှာဖြစ်ကြောင်းနဲ့ ၃ နှစ်စီမံကိန်းနဲ့ စေတီတော်ကြီးဘက်စုံပြင်ဆင်သွားမှာဖြစ်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စေတီတော်ကြီးထီးတော်သစ်တင်လှူပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီကပေးပို့ထားပြီးမောင်ထက်ကတင်ဆက်ပေးထားပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီတာဝန်ယူခဲ့စဉ် သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စေတီတော်ကြီးထီးတော်သစ်တင်ဖို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် ။
အခုအခါ စေတီတော်ကြီးဘက်စုံပြုပြင်ဖို့အတွက် ဇေကမ္ဘာမိသားစုက စေတီတော်ကြီးနဲ့ အခြားအရံစေတီတော်တွေကို ဘုရားပွဲတော်အမှီ ထီးတော်သစ်တင်လှူခဲ့ကြပြီး ၃ နှစ်အတွင်း ငွေကျပ်သိန်း ၁၅၀ဝ၀ အကုန်အကျခံကာဘက်စုံပြုပြင်သွားဖို့ရှိနေတာပါ။

Soundbite 1 ဒေါက်တာဦးခင်ရွှေ( ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ)

မော်တင်ဘုရားပွဲတော်ကို တပို့တွဲလပြည့်ကျော် ၁ရက်နေ့ကနေ တပေါင်းလပြည့်နေအထိကျင်းပသွားမှာဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း ဘုရားလာရောက်ဖူးမြော်သူတွေ စားသောက်ရေးအဆင်ပြေစေဖို့ သက်သက်လွတ် စတုဒီသာတွေ ကျွေးမွေးဧည့်ခံသွားမှာဖြစ်ပါတယ်။
စေတီတော်ကြီးဟာမူလဉာဏ်တော် ၇၈ပေရှိရာမှ အခုအခါ ၁၀၈ပေအထိဥဏ်တော်မြင့်တက်ခဲ့ပြီး ရာသီဥတုဒဏ်ခံနိင်အောင် လုံးတော်ပြည့် စတီးရွှေသင်္ကန်းကပ်လှူသွားမှာဖြစ်ကြောင်းနဲ့ ၃ နှစ်စီမံကိန်းနဲ့ စေတီတော်ကြီးဘက်စုံပြင်ဆင်သွားမှာဖြစ်ပါတယ်။

Soundbite 2 ဦးကျော်မြင့် (ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးနဲ့ သာသနာရေးဝန်ကြီး)

စေတီတော်ကြီးထီးတင်ပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်မျတွေနဲ့ အခြားဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဘုရားဖူးပြည်သူတွေတက်ရောက်ခဲ့ကြပါတယ် ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)