ေျမာက္ဦးအဓီကရုဏ္းေၾကာင့္ ဒါဏ္ရာရသူေတြကို ေဆးရုံကေနေထာင္ကိုေျပာင္းေရႊ႕(႐ုပ္/သံ)

0
1720

ေျမာက္ဦးအဓီက႐ုဏ္းမွာဒဏ္ရာရ႐ွိသူေတြကို ေဆးကုသမႈခံယူေနတဲ့ စစ္ေတြေဆး႐ံုကေန အက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္ၿပီျဖစ္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အဓိက႐ုဏ္းအတြင္း ေသနတ္ဒဏ္ရာရ႐ွိခဲ့ၿပီး စစ္ေတြေဆး႐ံုႀကီးမွာ ေဆးကုသမႈခံယူေနသူ ၈ ဦးကို ရဲတပ္ဖြဲ႔ကဖမ္းဆီးထားရာကေန မေန႔ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ညေနပိုင္းမွာ စစ္ေတြအက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

အဲဒီလူေတြကို ေဆး႐ံုကေန အက်ဥ္းေထာင္ကိုပို႔ေဆာင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး မိသားစုဝင္ေတြကို ရဲတပ္ဖြဲ႔က အသိေပးခဲ့ျခင္းမ႐ွိသလို ေစာင့္ဆိုင္းေနတဲ့ၾကားက မိသားစုဝင္ေတြမ႐ွိတဲ့အခ်ိန္မွာ အခုလိုခိုးထုတ္သြားတာျဖစ္တယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

Soundbite – ဦးထြန္းထြန္းဝင္း
ဖမ္းဆီးခံထားရသူတစ္ဦး၏ ဖခင္

အဲဒီလူေတြထဲမွာ လမ္းမေလွ်ာက္ႏုိင္သူေတြပါဝင္ၿပီး လက္႐ွိမွာေဆးကုသမႈ ခံယူေနဆဲျဖစ္တဲ့အတြက္ အခုလိုမ်ိဳး အက်ဥ္းေထာင္ထဲကို ပို႔လိုက္တာေၾကာင့္ က်န္းမာေရးအေျခအေနေတြ ဆိုးဆိုးဝါးဝါးျဖစ္လာမွာကို မိသားစု၀င္ေတြက စိုးရိမ္ေနၾကတာပါ။

Soundbiteး – ဦးထြန္းထြန္းဝင္း
ဖမ္းဆီးခံထားရသူတစ္ဦး၏ ဖခင္

ဖမ္းဆီးခံထားရတဲ့ ၈ေယာက္ဟာ အဓိက႐ုဏ္းမွာပါဝင္ခဲ့ၾကသူေတြျဖစ္တဲ့အတြက္ ေျမာက္ဦးၿမိဳ႕နယ္ ရဲစခန္းက ႏုိင္ငံပိုင္ပစၥည္းဖ်က္ဆီးမႈ အက္ဥပေဒ ပုဒ္မ ၆၁ နဲ႔ တရားစြဲဆိုထားပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးအဓီကရုဏ်းမှာဒဏ်ရာရရှိသူတွေကို ဆေးကုသမှုခံယူနေတဲ့ စစ်တွေဆေးရုံကနေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း သေနတ်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသူ ၈ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားရာကနေ မနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းမှာ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

အဲဒီလူတွေကို ဆေးရုံကနေ အကျဉ်းထောင်ကိုပို့ဆောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို ရဲတပ်ဖွဲ့က အသိပေးခဲ့ခြင်းမရှိသလို စောင့်ဆိုင်းနေတဲ့ကြားက မိသားစုဝင်တွေမရှိတဲ့အချိန်မှာ အခုလိုခိုးထုတ်သွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

Soundbite – ဦးထွန်းထွန်းဝင်း
ဖမ်းဆီးခံထားရသူတစ်ဦး၏ ဖခင်

အဲဒီလူတွေထဲမှာ လမ်းမလျှောက်နိုင်သူတွေပါဝင်ပြီး လက်ရှိမှာဆေးကုသမှု ခံယူနေဆဲဖြစ်တဲ့အတွက် အခုလိုမျိုး အကျဉ်းထောင်ထဲကို ပို့လိုက်တာကြောင့် ကျန်းမာရေးအခြေအနေတွေ ဆိုးဆိုးဝါးဝါးဖြစ်လာမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

Soundbiteး – ဦးထွန်းထွန်းဝင်း
ဖမ်းဆီးခံထားရသူတစ်ဦး၏ ဖခင်

ဖမ်းဆီးခံထားရတဲ့ ၈ယောက်ဟာ အဓိကရုဏ်းမှာပါဝင်ခဲ့ကြသူတွေဖြစ်တဲ့အတွက် မြောက်ဦးမြို့နယ် ရဲစခန်းက နိုင်ငံပိုင်ပစ္စည်းဖျက်ဆီးမှု အက်ဥပဒေ ပုဒ်မ ၆၁ နဲ့ တရားစွဲဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)