စမတ္ကြ်န္းကမ္းေျခကုိ ေဒသခံခရီးသြားလုပ္ငန္းရွင္ေတြ လုပ္ကိုင္လုိ (႐ုပ္/သံ)

0
960

စမတ္ကြ်န္း ကမ္းေျခကို ၿမိတ္ခ႐ုိင္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းအေနနဲ႔ ေဒသခံကုမၸဏီေတြ ထိန္းသိမ္းလုပ္ပိုင္ခြင္႔ေပးဖုိ႔ ေဒသခံလုပ္ငန္းရွင္ေတြက လိုလားေနၾကပါတယ္။ ဒီသတင္းကုိ MCN သႏာၱမုိးက ေပးပို႔ထားပါတယ္။

ၿမိတ္ကြန္းစုအတြင္းရွိ စမတ္ကြ်န္း (ပါပန္႔ကြ်န္း) ေက်ာက္လံုးကမ္းေျခကို ရန္ကုန္ အေျခစိုက္ ကုမၸဏီ တစ္ခုကလာေရာက္ ရင္းႏွီး ျမဳပ္ႏွံမႈရွိေနတာပါ။ အဲဒါေၾကာင့္ ေဒသခံ ခရီးသြားလုပ္ငန္းရွင္ေတြက စိုးရိမ္မႈေတြ
ရွိေနတာလည္းျဖစ္ပါတယ္ ။

ရန္ကုန္ အေျခစိုက္ ကုမၸဏီ တစ္ခုျဖစ္တဲ့ Aquamarine EcotourismDevelopment Co.Ltd ကေန (Smart Island)ကုိ ခရီးသြားဇုန္ အျဖစ္ ဧက ၄၁ ကို တည္ေဆာက္ဖို႔ ေလွ်ာက္ထားၿပီး၊ က်ပ္ ၇၅၀၀ သန္းနဲ႔ရင္းႏွီး ျမဳပ္ႏွံသြားဖုိ႔ ကမ္း လွမ္းထားတာျဖစ္ပါတယ္။

Sound bite ဦးခင္ေမာင္ညဳိ ( ၿမိတ္အေျခစုိက္ Mergui Dolphin ခရီးသြား ကုမၸဏီ)

ၿမိတ္ခ႐ုိင္ ကြ်န္းစုၿမိဳ႕နယ္၊ ေရျမစ္ႀကီးေက်းရြာအုပ္စုမွာတည္ရွိတဲ့ စမတ္ကြ်န္း(ပါပန္႔ကြ်န္း)ေက်ာက္လံုး ကမ္းေျခဟာ ၿပီးခဲ႔တဲ့ ခရီးသြားရာသီေတြမွာ နာမည္ရလာတဲ့ ကြ်န္းတစ္ကြ်န္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒသခံလုပ္ငန္းရွင္ေတြအေနနဲ႔လည္း အစုအဖြဲ႔နဲ႔လုပ္ပို္င္ခြင့္ရရွိနုိင္တဲ့ ေဒသခံလုပ္ငန္းရွင္ေတြကုိ ဦးစားေပး စဥ္းစားေပးဖုိ႔ လုိလားေနၾကပါတယ္။

Sound bite ေဒါက္တာ သိန္းေဆြျမင့္ (ဥကၠ႒)
ၿမိတ္ခ႐ုိင္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း

စမတ္ကြ်န္းဟာ ဧရိယာ (၅၄၅.၀၆) ဧကရွိၿပီး ေတာေတာင္ ထူထပ္တဲ့ ကၽြန္းရဲ႕ ေျမာက္ဘက္ပိုင္းမွာ ေပ၂၀၀၀ ခန္႔ရွည္လ်ားတဲ့ ေက်ာက္စရစ္ ကမ္းေျခတစ္ခုနဲ႔ေတာင္ဘက္ မွာ ေပ ၆၀၀ ခန္႔ရွည္လ်ားတဲ့ သဲျဖဴ ကမ္းေျခ ၃ ခု တည္ရိွေနတာပါ။ကၽြန္းရဲ႕ အေရွ႕ဘက္မွာေတာ့ႏွစ္ဘက္လွကၽြန္း၊ အနာက္ဘက္မွာ ပဒန္းကၽြန္း၊ ေျမာက္ဘက္မွာ ကြမ္းရြက္ကၽြန္း၊ ေတာင္ဘက္မွာ ဒါန္းကၽြန္းတို႔ တည္ရိွတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စမတ်ကျွန်းကမ်းခြေကို ဒေသခံခရီးသွားလုပ်ငန်းရှင်တွေ လုပ်ကိုင်လို

စမတ်ကျွန်း ကမ်းခြေကို မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းအနေနဲ့ ဒေသခံကုမ္ပဏီတွေ ထိန်းသိမ်းလုပ်ပိုင်ခွင့်ပေးဖို့ ဒေသခံလုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။ ဒီသတင်းကို MCN သန္တာမိုးက ပေးပို့ထားပါတယ်။

မြိတ်ကွန်းစုအတွင်းရှိ စမတ်ကျွန်း (ပါပန့်ကျွန်း) ကျောက်လုံးကမ်းခြေကို ရန်ကုန် အခြေစိုက် ကုမ္ပဏီ တစ်ခုကလာရောက် ရင်းနှီး မြုပ်နှံမှုရှိနေတာပါ။ အဲဒါကြောင့် ဒေသခံ ခရီးသွားလုပ်ငန်းရှင်တွေက စိုးရိမ်မှုတွေ
ရှိနေတာလည်းဖြစ်ပါတယ် ။

ရန်ကုန် အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Aquamarine EcotourismDevelopment Co.Ltd ကနေ (Smart Island)ကို ခရီးသွားဇုန် အဖြစ် ဧက ၄၁ ကို တည်ဆောက်ဖို့ လျှောက်ထားပြီး၊ ကျပ် ၇၅၀ဝ သန်းနဲ့ရင်းနှီး မြုပ်နှံသွားဖို့ ကမ်း လှမ်းထားတာဖြစ်ပါတယ်။

Sound bite ဦးခင်မောင်ညို ( မြိတ်အခြေစိုက် Mergui Dolphin ခရီးသွား ကုမ္ပဏီ)

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စုမှာတည်ရှိတဲ့ စမတ်ကျွန်း(ပါပန့်ကျွန်း)ကျောက်လုံး ကမ်းခြေဟာ ပြီးခဲ့တဲ့ ခရီးသွားရာသီတွေမှာ နာမည်ရလာတဲ့ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံလုပ်ငန်းရှင်တွေအနေနဲ့လည်း အစုအဖွဲ့နဲ့လုပ်ပိ်ုင်ခွင့်ရရှိနိုင်တဲ့ ဒေသခံလုပ်ငန်းရှင်တွေကို ဦးစားပေး စဉ်းစားပေးဖို့ လိုလားနေကြပါတယ်။

Sound bite ဒေါက်တာ သိန်းဆွေမြင့် (ဥက္ကဋ္ဌ)
မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း

စမတ်ကျွန်းဟာ ဧရိယာ (၅၄၅.ဝ၆) ဧကရှိပြီး တောတောင် ထူထပ်တဲ့ ကျွန်းရဲ့ မြောက်ဘက်ပိုင်းမှာ ပေ၂၀ဝ၀ ခန့်ရှည်လျားတဲ့ ကျောက်စရစ် ကမ်းခြေတစ်ခုနဲ့တောင်ဘက် မှာ ပေ ၆၀ဝ ခန့်ရှည်လျားတဲ့ သဲဖြူ ကမ်းခြေ ၃ ခု တည်ရှိနေတာပါ။ကျွန်းရဲ့ အရှေ့ဘက်မှာတော့နှစ်ဘက်လှကျွန်း၊ အနာက်ဘက်မှာ ပဒန်းကျွန်း၊ မြောက်ဘက်မှာ ကွမ်းရွက်ကျွန်း၊ တောင်ဘက်မှာ ဒါန်းကျွန်းတို့ တည်ရှိတာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)