လံုၿခံဳေရး တပ္ဖြဲ႔၀င္တစ္ဦး လုပ္ႀကံခံရမႈမွာ သံသယရွိသူေတြကို ေခၚယူစစ္ေဆးေန (႐ုပ္/သံ)

0
1446

စစ္ဖက္ဆိုင္ရာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္တစ္ဦး လုပ္ႀကံခံရမႈမွာ သံသယရွိသူေတြကို ေခၚယူစစ္ေဆးေနတယ္လို႔ ရခိုင္ျပည္နယ္ရဲမွဴးႀကီးက ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၅ ရက္ေန႔ညက စစ္ေတြၿမိဳ႕လယ္ ဝကၤဘာကြင္းေဈးေရာင္းပြဲေတာ္မွာ ေသနတ္နဲ႔ ပစ္သတ္ခံလိုက္ရတဲ့ စစ္ဘက္ဆုိင္ရာလံုၿခံဳေရးတပ္ဖြဲ႔ဝင္ ဖိုးလံုး (ေခၚ) တပ္ၾကပ္ ဝင္းထိုက္ ေသဆံုးမႈနဲ႔ ပတ္သက္လို႔ တရားခံကို ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ရဲတပ္ဖြဲ႔အေနနဲ႔ စံုစမ္းေဖာ္ထုတ္မႈေတြျပဳလုပ္ေနၿပီး သံသယရွိသူေတြနဲ႔ ဒုစ႐ုိက္မႈနဲ႔ ဆက္စပ္သူေတြကိုလည္း ေခၚယူစစ္ေဆးမႈေတြျပဳလုပ္ေနသလို မၾကာခင္ေဖာ္ထုတ္ႏုိင္မွာျဖစ္တယ္ လုိ႔ ရဲတပ္ဖြဲ႔မွဴးက ေျပာပါတယ္။

အင္တာဗ်ဴး – ရဲမွဴးႀကီးၾကည္လင္း
ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး

ဒါ့အျပင္ အခုလိုမ်ိဳး စစ္ေတြၿမိဳ႕ေပၚမွာ ေသနတ္ကိုင္ၿပီး လုပ္ႀကံပစ္ခတ္မႈျဖစ္ပြားခဲ့တာဟာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ေတြကို တပ္လွန္႔တာမ်ိဳးျဖစ္သလို အခုျဖစ္စဥ္ဟာ တျခားအဖြဲ႔အစည္းေတြနဲ႔လည္း ဆက္စက္မႈေတြရွိေန မလားဆိုတာကို အေလးထားေဆာင္ရြက္ေနရတယ္လို႔ ရဲမွဴးႀကီးက ေျပာပါတယ္။

အင္တာဗ်ဴး – ရဲမွဴးႀကီးၾကည္လင္း
ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴးေဟာင္း ဦးတင္ေမာင္ေဆြရဲ႕ ေနအိမ္အပါအဝင္ ရခုိင္ျပည္နယ္တရားလႊတ္ေတာ္၊ ျပည္နယ္ေျမစာရင္း႐ုံးေရွ႕ေတြမွာ ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ၿပီး ၇ လအၾကာမွာ စစ္ဘက္ဆိုင္ရာ လုံၿခံဳေရးတပ္ဖြဲ႕၀င္တစ္ဦး လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတာ ျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှုမှာ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေ

စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှုမှာ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီးက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်တွေမြို့လယ် ဝင်္ကဘာကွင်းဈေးရောင်းပွဲတော်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် ဖိုးလုံး (ခေါ်) တပ်ကြပ် ဝင်းထိုက် သေဆုံးမှုနဲ့ ပတ်သက်လို့ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေပြီး သံသယရှိသူတွေနဲ့ ဒုစရိုက်မှုနဲ့ ဆက်စပ်သူတွေကိုလည်း ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေသလို မကြာခင်ဖော်ထုတ်နိုင်မှာဖြစ်တယ် လို့ ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အင်တာဗျူး – ရဲမှူးကြီးကြည်လင်း
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး

ဒါ့အပြင် အခုလိုမျိုး စစ်တွေမြို့ပေါ်မှာ သေနတ်ကိုင်ပြီး လုပ်ကြံပစ်ခတ်မှုဖြစ်ပွားခဲ့တာဟာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို တပ်လှန့်တာမျိုးဖြစ်သလို အခုဖြစ်စဉ်ဟာ တခြားအဖွဲ့အစည်းတွေနဲ့လည်း ဆက်စက်မှုတွေရှိနေ မလားဆိုတာကို အလေးထားဆောင်ရွက်နေရတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အင်တာဗျူး – ရဲမှူးကြီးကြည်လင်း
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရခိ်ုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေရဲ့ နေအိမ်အပါအဝင် ရခိုင်ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်မြေစာရင်းရုံးရှေ့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွား ခဲ့ပြီး ၇ လအကြာမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)