ရဲတပ္ဖြဲ႕၀င္ေတြ ျပည္သူေတြရဲ႕ ယုံၾကည္မႈရရွိဖို႔ လုိအပ္ေန (႐ုပ္/သံ)

0
1395

ရဲတပ္ဖြဲ႕၀င္ေတြ ျပည္သူေတြရဲ႕ယုံၾကည္မႈရရွိနုိင္ဖို႔ သစၥာေစာင့္သိဖုိ႔ လုိအပ္တယ္လို႔ စစ္ကိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္က ေျပာဆိုလိုက္တယ္။ ဒီသတင္းကုိ MCN မုံရြာသတင္းေထာက္ ထြန္းလင္းဦးက ေပးပုိ႔ထားၿပီး စုိင္းဟန္က တင္ဆက္ေပးထားပါတယ္။

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႕မွာ ရဲတပ္ဖြဲ႕၀င္ေတြအေနနဲ႔ ျပည္သူယံုၾကည္မႈရယူဖို႔ဆိုရင္ သစၥာရိွသူကိုမွ ယံုၾကည္မႈရိွနိုင္မွာျဖစ္တယ္လို႔ စစ္ကိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္က ေျပာၾကားလုိက္ပါတယ္။

အဲဒီလုိ ျပည္သူေတြ ယုံၾကည္မႈရရွိဖို႔ဆုိရင္ ရဲတပ္ဖြဲ႕ရဲ႕ ဦးတည္ခ်က္နဲ႔အညီ ရဲတပ္ဖြဲ႕၀င္ေတြအေနနဲ႕ က်င့္ႀကံဖုိ႔ လုိအပ္တယ္လို႔ မံုရြာၿမိဳ႕ေတာ္အခန္းမမွာ က်င္းပတဲ့ ၅၄ ႏွစ္ေျမာက္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ေန႔မွာ အခုလို ေျပာ ၾကားခဲ့တာျဖစ္ပါတယ္။

police (6) – ေဒါက္တာျမင့္ႏုိင္ ( စစ္ကိုင္းတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ )

ဒါ့အျပင္ ရဲတပ္ဖြဲ႕အေနနဲ႕ ျပည္သူလူထုအေပၚ အေလးထားမႈ၊ ယဥ္ေက်းလိမၼာစြာတုန္႔ ျပန္ဆက္ဆံမႈ၊ လုပ္ငန္း ကၽြမ္းက်င္ၿပီး ပြင့္လင္းေႏြးေထြးစြာနဲ႔ ေဆာင္ရြက္နိုင္မယ္ဆုိရင္ ျပည္သူကလည္း ၾကည္ျဖဴလာမွာျဖစ္သလုိ အလြယ္တကူ ခ်ည္းကပ္လာၿပီး အကူညီေတြ ေတာင္းခံလာနိုင္တယ္လို႕ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဆက္လက္ၿပီး မူးယစ္ေဆး၀ါးႏွိမ္နင္းမႈနဲ႔ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕ခ်ည္း ေဆာင္ရြက္တယ္ဆိုတာထက္ ျပည္သူ အားလံုး ပူးေပါင္းေဆာင္ရြက္ဖို႔ရာ လိုအပ္တယ္လို႕ မူးယစ္ေဆး၀ါး အမ်ားျပားဖမ္းဆီးရာမွာ ဦးေဆာင္ခဲ့တဲ့ ဆုခ်ီးျမွင့္ျခင္းခံရသူ ထီးခ်ိဳင့္ၿမိဳ႕နယ္ ဒုရဲမွဴးဘခ်စ္က ေျပာပါတယ္။

police (21) – ဒုရဲမွဴးဘခ်စ္ (ဆုခ်ီးျမွင့္ခံရသူ ၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ ဒုရဲမွဴး )

စစ္ကိုင္းတိုင္းေဒသႀကီးမွာ ၂၀၁၈ ကာလအတြင္း မူးယစ္ေဆး၀ါးနဲ႕ပတ္သတ္ၿပီး (၁၂၄၂ ) မႈ ၊ သစ္ေမွာင္ခိုမႈ (၃၃၁)မႈ၊ ေလာင္းကစားမႈ (၁၁၂)မႈတို႕ကို အေရးယူနိုင္ခဲ႕တယ္လို႕ တိုင္းေဒသႀကီးအစိုးရက ထုတ္ျပန္ထား ပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ကေန ျပဳလုပ္တဲ့ ၅၄ ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ အခမ္းနားမွာ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးအတြင္းက ရဲတပ္ဖြဲ႕၀င္ေတြ၊ အရာရိွေတြနဲ႔၊ သူနာျပဳေတြ၊ ေက်ာင္းသားေက်ာင္းသူေတြ တျခားဌာနဆိုင္ရာက ၀န္ထမ္းေတြ တက္ေရာက္ခဲ့ၾကပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူတွေရဲ့ ယုံကြည်မှုရရှိဖို့ လိုအပ်နေ

ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူတွေရဲ့ယုံကြည်မှုရရှိနိုင်ဖို့ သစ္စာစောင့်သိဖို့ လိုအပ်တယ်လို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောဆိုလိုက်တယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပြီး စိုင်းဟန်က တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူယုံကြည်မှုရယူဖို့ဆိုရင် သစ္စာရှိသူကိုမှ ယုံကြည်မှု ရှိနိုင်မှာဖြစ်တယ်လို့ စစ်ကိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားလိုက်ပါတယ်။

အဲဒီလို ပြည်သူတွေ ယုံကြည်မှုရရှိဖို့ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ဦးတည်ချက်နဲ့အညီ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျင့်ကြံဖို့ လိုအပ်တယ်လို့ မုံရွာမြို့တော်အခန်းမမှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။

police (6) – ဒေါက်တာမြင့်နိုင် ( စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် )

ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုအပေါ် အလေးထားမှု၊ ယဉ်ကျေးလိမ္မာစွာတုန့် ပြန်ဆက်ဆံမှု၊ လုပ်ငန်း ကျွမ်းကျင်ပြီး ပွင့်လင်းနွေးထွေးစွာနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်သူကလည်း ကြည်ဖြူလာမှာဖြစ်သလို အလွယ်တကူ ချည်းကပ်လာပြီး အကူညီတွေ တောင်းခံလာနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဆက်လက်ပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှုနဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့ချည်း ဆောင်ရွက်တယ်ဆိုတာထက် ပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ရာ လိုအပ်တယ်လို့ မူးယစ်ဆေးဝါး အများပြားဖမ်းဆီးရာမှာ ဦးဆောင်ခဲ့တဲ့ ဆုချီးမြှင့်ခြင်းခံရသူ ထီးချိုင့်မြို့နယ် ဒုရဲမှူးဘချစ်က ပြောပါတယ်။

police (21) – ဒုရဲမှူးဘချစ် (ဆုချီးမြှင့်ခံရသူ ၊ ထီးချိုင့်မြို့နယ် ဒုရဲမှူး )

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၈ ကာလအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး (၁၂၄၂ ) မှု ၊ သစ်မှောင်ခိုမှု (၃၃၁)မှု၊ လောင်းကစားမှု (၁၁၂)မှုတို့ကို အရေးယူနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထား ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ ပြုလုပ်တဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းနားမှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအတွင်းက ရဲတပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေနဲ့၊ သူနာပြုတွေ၊ ကျောင်းသားကျောင်းသူတွေ တခြားဌာနဆိုင်ရာက ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)