မႏၱေလးတကၠသိုလ္မွာ Oriental House တည္ေဆာက္တာနဲ႔ ပတ္သတ္လို႔ ေက်ာင္းသားေတြဆႏၵျပ

0
127

မႏၲေလးတကၠသိုလ္မွာ Oriental House food court တည္ေဆာက္ေနတာနဲ႔ ပက္သတ္ၿပီးေက်ာင္းအာဏာပိုင္အဖြဲ႔ ရဲ႕ လုပ္ေဆာင္မႈေတြ အေပၚ ေက်ာင္းသားေတြက ဆႏၵျပခဲ႔ၾကပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

မႏၲေလးတကၠသိုလ္ ဝင္းအတြင္း Oriental House တည္ေဆာက္ေနတာမွာ ပြင့္လင္းျမင္သာမႈမရွိပဲ ေက်ာင္းအာဏာပိုင္အဖြဲ႕အေနနဲ႔ မရိုးသားတဲ႔ နည္းလမ္းေတြကို အသံုးျပဳခဲ႔တယ္ဆိုၿပီး မႏၲေလး တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢကေန စက္တင္ဘာလႏွစ္ရက္ေန႔ မနက္ပိုင္းမွာ ဆႏၵထုတ္ေဖာ္ခဲ႔ပါတယ္။

မႏၲေလးတကၠသိုလ္ကုိ  အသံုးခ်ၿပီး ကိုယ္က်ဳိးရွာေနတဲ့  ပါေမာၡခ်ဳပ္ အလိုမရွိစတဲ႔ေၾကြးေၾကာ္သံေတြနဲ႔ ဆႏၵထုတ္ေဖာ္ခဲ႔ၾကတာပါ။

အင္တာဗ်ဴး ေဝယံထက္  ( ဥကၠဌ)

မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ

အခုလိုပြင့္လင္းျမင္သာမႈ မရွိခဲ႔တဲ႔အေပၚမွာ ပညာေရးဝန္ႀကီးကို တင္ျပထားၿပီး စံုစမ္းစစ္ေဆးေရးအဖြဲ႔ ဖြဲ႔စည္းၿပီး႔ စစ္ေဆးတာေတြျပဳလုပ္ေပးမယ္လို႔ ေျပာဆိုခဲ႔ေပမယ့္ တလေက်ာ္ၾကာတဲ႔အထိ မထူးျခားတဲ႔အတြက္ အခုလို ဆႏၵထုတ္ေဖာ္ခဲ႔ၾကပါ။ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔ေတာ့ ဆႏၵျပ ေက်ာင္းသားေတြနဲ႔ ညွိႏိုင္းမႈေတြျပဳလုပ္သြားမယ္လို႔ ေျပာပါတယ္။

အင္တာဗ်ဴး ေဒါက္တာ တင္ထြန္းေအာင္  (ဒုတိယပါေမာၡခ်ဳပ္)

                    မႏၲေလးတကၠသိုလ္

ေက်ာင္းသားသမဂၢေတြအေနနဲ႔ေတာ့ ေတာင္းဆိုခ်က္ေတြမရမခ်င္း ဆႏၵထုတ္ေဖာ္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုခဲ႔ပါတယ္ ခင္ဗ်ာ။

မန္တလေးတက္ကသိုလ်မှာ Oriental House food court တည်ဆောက်နေတာနဲ့ ပက်သတ်ပြီးကျောင်းအာဏာပိုင်အဖွဲ့ ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

မန္တလေးတက္ကသိုလ် ဝင်းအတွင်း Oriental House တည်ဆောက်နေတာမှာ ပွင့်လင်းမြင်သာမှုမရှိပဲ ကျောင်းအာဏာပိုင်အဖွဲ့အနေနဲ့ မရိုးသားတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်ဆိုပြီး မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကနေ စက်တင်ဘာလနှစ်ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေတဲ့ ပါမ္ခောချုပ် အလိုမရှိစတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အင်တာဗျူး ဝေယံထက် ( ဥက္ကဌ)
မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ

အခုလိုပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့အပေါ်မှာ ပညာရေးဝန်ကြီးကို တင်ပြထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး့ စစ်ဆေးတာတွေပြုလုပ်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တလကျော်ကြာတဲ့အထိ မထူးခြားတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြပါ။ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့တော့ ဆန္ဒပြ ကျောင်းသားတွေနဲ့ ညှိနိုင်းမှုတွေပြုလုပ်သွားမယ်လို့ ပြောပါတယ်။

အင်တာဗျူး ဒေါက်တာ တင်ထွန်းအောင် (ဒုတိယပါမ္ခောချုပ်)
မန္တလေးတက္ကသိုလ်

ကျောင်းသားသမဂ္ဂတွေအနေနဲ့တော့ တောင်းဆိုချက်တွေမရမချင်း ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)