မန်းရွှေစက်တော်ဘုရားပွဲတွေ စတင်ဖွင့်လှစ်

0
260

မန်းရွှေစက်တော်ဘုရားပွဲတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ သမိုင်းဝင် မန်းရွှေစက်တော်ဗုဒ္ဓပါဒပူဇနိယ ပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲကို အစိုးရသစ်လက်ထက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂေါပက အဖွဲ့အသစ်၊ မူဝါဒအသစ်တွေနဲ့ စီမံခန့်ခွဲမှုတွေကို ပြုလုပ်ထားတာပါ။

ဘုရားပွဲတော်ကနဦး ရက်တွေမှာတော့ အရင်နှစ်တွေကထက် ဘုရားဖူးလာရောက်မှု လျော့နည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)