အမြန်လမ်းပေါ်မှာ သစ်ပင်ကို ကားဝင်တိုက်မိလို့ လူတစ်ဦး သေဆုံး

0
321

လှည်းကူးမြို့နယ်အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့က သစ်ပင်ကို မော်တော်ယာဉ်တစ်စီးက တိုက်မိပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-0b91b904f64db50eabea5e773c9a77a57d5edda3faad5201024d694d533bcbf5-v

ဒီကနေ့ နံနက် ၄ နာရီလောက်က ရန်ကုန်ဘက် နေပြည်တော်ဘက်ကို မောင်းလာတဲ့ အဖြူရောင်ယာဉ်ဟာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅ ဖာပုံနဲ့ ၆ ဖာလုံအနီးအရောက်မှာ ယာဉ်မောင်း မင်းသူခန့် (၃၄ နှစ်)က အိပ်ငိုက်ပြီး မောင်းနှင်မိတာကြောင့် လမ်းညာဘက်က ခရေပင်ကို ဝင်တိုက်မိပြီး ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

image-0-02-06-3b392a35bddded126eeb8d0f0d66e59980e6cbd82eb254646b01c1969ffac2a5-v

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်မှာပါတဲ့ အမျိုးသားနှစ်ယောက်ထဲက ဦးဝင်းမောင်မောင် (၃၄ နှစ်) ဆိုသူ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း မင်းသူခန့်ကို ရဲအုပ်ကျော်ကျော်နိုင်က တရားလိုလုပ်တိုင်တန်းတာကြောင့် အမှတ် ၃ ရဲစခန်းမှာ ယာဉ်(ပ) ၁/၂၀၁၇ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)