ဘဂၤါလားေဒ့ရွ္ေရာက္ ဘဂၤါလီေတြ ျပန္မလာတာ လုံၿခံဳေရးနဲ႔ ႏုိင္ငံသားျဖစ္ခြင့္ကိစၥေတြမွာ အခက္ခဲရွိေန (႐ုပ္/သံ)

0
897

ဘဂၤါလားေဒ့ရွ္ႏိုင္ငံဘက္ကို ေရာက္ရွိေနတဲ့ ဘဂၤါလီေတြ ျပန္မလာေသးတာဟာ လံုၿခံဳေရး၊ စားနပ္ရိကၡာဖံုလံုေရးနဲ႔ ႏုိင္ငံသားျဖစ္ခြင့္ကိစၥေတြ အခက္ခဲရွိႏုိင္တဲ့အတြက္ ျဖစ္တယ္လို႔ ေဒါက္တာ ေဂးလ မာဇက္တီက ေျပာပါတယ္။ ဒီသတင္းကို MCN ရခိုင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလအတြင္းက ျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသ အၾကမ္းဖက္မႈျဖစ္စဥ္မွာ တစ္ဖက္ႏိုင္ငံကို ထြက္ေျပးသြားခဲ့ၾကတဲ့ ဘဂၤါလီေတြထဲက ျမန္မာဘက္ကို ျပန္လာခ်င္သူေတြရွိေနၿပီး အခက္အခဲတခ်ိဳ႕ ေၾကာင့္ မျပန္လာႏုိင္ေသးတာျဖစ္ပါတယ္။

အဲဒီလူေတြျပန္လည္ဝင္လာတဲ့အခါမွာ တခ်ိဳ႕ကေတာ့ ျမန္မာႏုိင္ငံသားျဖစ္ဖို႔လိုလားေနၾကၿပီး သူတုိ႔ရဲ႕လံုၿခံဳေရး၊ စားနပ္ရိကၡာဖံုလံုေရးနဲ႔ တျခားက႑အသီးသီးမွာ အဆင္ေျပမယ္ဆိုလိုရွိရင္ ျပန္လည္ဝင္ေရာက္လာမွာ ျဖစ္တယ္လို႔ ေဒါက္တာ ေဂးလ္ မာဇက္တီက မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – Dr.Gail Marzetti (ျမန္မာႏုိင္ငံဆိုင္ရာ DFID အႀကီးအကဲ)
UK aid

ဘာသာျပန္ ၁) ျမန္မာႏုိင္ငံကို ျပန္လာမယ့္သူေတြထဲမွာ တခ်ိဳ႕လူေတြအေနနဲ႔ ျပန္လာရင္ ျမန္မာႏုိင္ငံသားျဖစ္ဖုိ႔လိုလားၾကပါတယ္။ ေနာက္ၿပီးေတာ့ တျခားက႑အသီးသီးေတြမွာလည္း သူတုိ႔အတြက္ လံုၿခံဳမႈေတြရွိဖုိ႔ သူတုိ႔ေနထိုင္တဲ့အခ်ိန္ေတြမွာ စားနပ္ရိကၡာေတြ ျပည့္ျပည့္ဝဝရရွိဖုိ႔ လိုပါတယ္။ အဲဒီလို အစစအရာရာ တာဝန္ယူမႈေတြရွိရင္ေတာ့ သူတုိ႔ျပန္လာၾကမွာပါ။

ဒါ့အျပင္ ရခုိ္င္ျပည္နယ္ေျမာက္ပုိင္းျပသနာကို အစိုးရအေနနဲ႔ ေျဖရွင္းေဆာင္ရြက္တဲ့အခါမွာ ကိုဖီအာနန္ဦးေဆာင္တဲ့ ရခို္င္ျပည္နယ္ဆိုင္ရာအႀကံေပးေကာ္မရွင္ရဲ႕ အစီရင္ခံစာပါ အခ်က္ေတြကို အေကာင္အထည္ေဖာ္မႈအပိုင္းေတြမွာ စတင္ေဆာင္ရြက္ဆဲအျဖစ္သာ ေတြ႔ရၿပီး တိုးတက္မႈရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အင္တာဗ်ဴး – Dr.Gail Marzetti (ျမန္မာႏုိင္ငံဆိုင္ရာ DFID အႀကီးအကဲ)
UK aid

ဘာသာျပန္ ၂) ဒါနဲ႔ပတ္သက္ၿပီး ကၽြန္မအျမင္က အစိုးရဟာ ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကို စတင္အေကာင္အထည္ေဖာ္ခါစပဲ ရွိပါေသးတယ္။ ေအာင္ျမင္ၿပီးစီးေနတာေတာ့မဟုတ္ဘူး။ သူတုိ႔ရဲ႕ေဆာင္ရြက္မႈေတြကို တိုးတက္မႈရွိတယ္လို႔ပဲ ေျပာပါရေစ။

ဒါ့အျပင္ ရခုိင္္ေျမာက္ပိုင္းက ႏွစ္ဖက္လူ႔အဖြဲ႔အစည္းေတြ သင့္ျမတ္ေရးနဲ႔ ျပန္လည္တည္ၿငိမ္ေအးခ်မ္းမႈေတြ ရရွိလာဖုိ႔အတြက္ အသိုင္းအဝို္င္းႏွစ္ခုကို သီးျခားေနထုိင္ေစတာမ်ိဳးမဟုတ္ဘဲ တစ္ဖက္နဲ႔တစ္ဖက္ နားလည္မႈေတြရွိလာေအာင္ အတူတကြပညာသင္ၾကားေပးမႈေတြ ျပဳလုပ္ေပးဖုိ႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏုိင္ငံဆိုင္ရာ DFID အႀကီးအကဲ ေဒါက္တာ ေဂးလ္ မာဇက္တီဟာ ေအာက္တိုဘာလ ၃၁ ရက္ေန႔က စစ္ေတြၿမိဳ႕ကိုေရာက္ရွိလာခဲ့ၿပီး ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ေဒသဖြံ႔ၿဖိဳးေရးတုိ႔အတြက္ ရခုိင္ျပည္နယ္အစိုးရအဖြဲ႔ တာဝန္ရွိသူေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေခါင္းေဆာင္ေတြနဲ႔ ႏွစ္ဖက္လူ႔အသိုင္းအဝိုင္းက ေခါင္းေတာင္ေတြနဲ႔ ေဆြ႔ေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး မီဒီယာေတြကို ရွင္းလင္းေျပာၾကားခဲ့တာျဖစ္ပါတယ္ ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေ ပြန်မလာတာ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေမှာ အခက်ခဲရှိနေ

ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်မလာသေးတာဟာ လုံခြုံရေး၊ စားနပ်ရိက္ခာဖုံလုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေ အခက်ခဲရှိနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဒေါက်တာ ဂေးလ မာဇက်တီက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အကြမ်းဖက်မှုဖြစ်စဉ်မှာ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဘင်္ဂါလီတွေထဲက မြန်မာဘက်ကို ပြန်လာချင်သူတွေရှိနေပြီး အခက်အခဲတချို့ ကြောင့် မပြန်လာနိုင်သေးတာဖြစ်ပါတယ်။

အဲဒီလူတွေပြန်လည်ဝင်လာတဲ့အခါမှာ တချို့ကတော့ မြန်မာနိုင်ငံသားဖြစ်ဖို့လိုလားနေကြပြီး သူတို့ရဲ့လုံခြုံရေး၊ စားနပ်ရိက္ခာဖုံလုံရေးနဲ့ တခြားကဏ္ဍအသီးသီးမှာ အဆင်ပြေမယ်ဆိုလိုရှိရင် ပြန်လည်ဝင်ရောက်လာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဂေးလ် မာဇက်တီက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – Dr.Gail Marzetti (မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ)
UK aid
ဘာသာပြန် ၁) မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေထဲမှာ တချို့လူတွေအနေနဲ့ ပြန်လာရင် မြန်မာနိုင်ငံသားဖြစ်ဖို့လိုလားကြပါတယ်။ နောက်ပြီးတော့ တခြားကဏ္ဍအသီးသီးတွေမှာလည်း သူတို့အတွက် လုံခြုံမှုတွေရှိဖို့ သူတို့နေထိုင်တဲ့အချိန်တွေမှာ စားနပ်ရိက္ခာတွေ ပြည့်ပြည့်ဝဝရရှိဖို့ လိုပါတယ်။ အဲဒီလို အစစအရာရာ တာဝန်ယူမှုတွေရှိရင်တော့ သူတို့ပြန်လာကြမှာပါ။

ဒါ့အပြင် ရခိ်ုင်ပြည်နယ်မြောက်ပိုင်းပြသနာကို အစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိ်ုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေကို အကောင်အထည်ဖော်မှုအပိုင်းတွေမှာ စတင်ဆောင်ရွက်ဆဲအဖြစ်သာ တွေ့ရပြီး တိုးတက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာဗျူး – Dr.Gail Marzetti (မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ)
UK aid
ဘာသာပြန် ၂) ဒါနဲ့ပတ်သက်ပြီး ကျွန်မအမြင်က အစိုးရဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို စတင်အကောင်အထည်ဖော်ခါစပဲ ရှိပါသေးတယ်။ အောင်မြင်ပြီးစီးနေတာတော့မဟုတ်ဘူး။ သူတို့ရဲ့ဆောင်ရွက်မှုတွေကို တိုးတက်မှုရှိတယ်လို့ပဲ ပြောပါရစေ။

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက နှစ်ဖက်လူ့အဖွဲ့အစည်းတွေ သင့်မြတ်ရေးနဲ့ ပြန်လည်တည်ငြိမ်အေးချမ်းမှုတွေ ရရှိလာဖို့အတွက် အသိုင်းအဝိ်ုင်းနှစ်ခုကို သီးခြားနေထိုင်စေတာမျိုးမဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေရှိလာအောင် အတူတကွပညာသင်ကြားပေးမှုတွေ ပြုလုပ်ပေးဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ ဒေါက်တာ ဂေးလ် မာဇက်တီဟာ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ နှစ်ဖက်လူ့အသိုင်းအဝိုင်းက ခေါင်းတောင်တွေနဲ့ ဆွေ့နွေးမှုတွေ ပြုလုပ်ခဲ့ပြီး မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)