ချင်းတွင်းမြစ်အတွင်း ခရီးသည် ၆၀ ကျော် လိုက်ပါလာတဲ့ အမြန်ရေယာဉ်နစ်မြုပ်

0
290
a001
ဓါတ်ပုံ = Sit Nyein Aung and Phyothaw Oo မှ ကူးယူဖော်ပြသည်။

ယနေ့နံနက် ၅ နာရီခန့်က ကလေးဝမြို့နယ် အထက် ဂဇက်ကျေးရွာအနီး လောင်းဂရိတ်ဝဲမှာ ခရီးသည် ၆၀ ကျော် လိုက်ပါလာတဲ့ ရာဇာထွန်းအမြန်ရေယာဉ်နစ်မြုပ်ခဲ့ပြီး ခရီးသည် ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေ အရဆိုပါတယ်။
” ရေယာဉ်ပေါ်မှာ ခရီးသည် ၆၈ ဦးလိုက်ပါသွားပါတယ်။ အမျိုးသား အမျိုးသမီး ဦးရေတော့ ဘယ်လောက်မှန်းမသိဘူး။ လောင်းဂရိတ်ဝဲမှာ နစ်တာသေချာတယ် “လို့ မြန်မာဇမ္ဗူထွန်းအမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဖုန်းနဲ့ ဖြေကြားခဲ့ပါတယ်။

a003 a002

မုံရွာမြို့က ထွက်ခွာလာသော မြန်မာဇမ္ဗူထွန်းအမြန်ရေယာဉ်လိုင်းမှ ဆယ်ဇင်းကိုထွက်ခွာလာတဲ့ ရေယာဉ်ဖြစ်တယ်လို့ ဒေသတွေကပြောပါတယ်။ အသေအပျောက်စာရင်းကို ဒေသအာဏာပိုင်တွေ အတည်ပြုပြောကြားလည်း မရှိသေးပါဘူးလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူတွေနဲ့ အစိုးရတာဝန်ရှိတွေဆောင်ရွက်နေတာဖြစ်ပြီး အမြန်ရေယာဉ်နစ်မြုပ်ရတဲ့ အကြောင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေနဲ့ ထိခိုက်ဒါဏ်ရာရ လူနာတွေကို ကလေးဝမြို့ ပြည်သူ့ဆေးရုံးမှာ စောင့်ရှောက်ထားတာဖြစ်ပါတယ်။ သေးဆုံးသူစာရင်း သတင်းအသေးစိတ် အခြေအနေကို တည်ပြုလို့ မရနိုင်သေးပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)