ဝါးစိမ္းေတာင္မွာ သတၱဳစမ္းသပ္တူးေဖာ္ခြင့္ ျပဳလိုက္တဲ့အေပၚ ကန္႔ကြက္ ဆႏၵျပ

0
96

ဝါးစိမ္းေတာင္ေဒသအတြင္း သတၱဳစမ္းသပ္တူးေဖာ္ခြင့္ျပဳလိုက္တဲ႔အေပၚ ေဒသခံ ၁၀၀၀ ေက်ာ္က ကန္႔ကြက္ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာၿမိဳ႕နယ္ရွိ ၀ါးစိမ္းေတာင္ေဒသအတြင္း သတၳဳစမ္းသပ္ရွာေဖြေရးစီမံကိန္း ဧရိယာအတြင္းမွာ ေက်းရြာေပါင္း ၁၂၀၊ စာသင္ေက်ာင္း ၈၆၊ ဘုန္းေတာ္ေက်ာင္း ၁၃၉ ေက်ာင္းရွိေနၿပီး ေဒသခံလူထုရဲ႕ စီးပြား၊ လူေနမႈဘဝေတြ ထိခိုက္ႏိုင္မွာ ျဖစ္တဲ႔အတြက္   ေဒသခံ ၁၀၀၀ ေက်ာ္က မုံရြာၿမိဳ႕မွာ ဆႏၵထုတ္ေဖၚခဲ႔တာပါ။

စက္တင္ဘာလ ၃၀ ရက္ေန႔က မုံရြာၿမိဳ႕အတြင္း ေဒသခံလူထု သေဘာတူညီခ်က္မရရွိဘဲ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရက သတၳဳစမ္းသပ္ရွာေဖြေရး စမ္းသပ္တူးေဖာ္ခြင့္ေပးလိုက္တဲ့အေပၚ ကန္႔ကြက္ဆႏၵျပေနတာ ျဖစ္ပါတယ္။

Soundbite  ဦး၀င္းနို္င္ (ေဒသခံ) အိုးဘိုေက်းရြာ၊ ယင္းမာပင္ၿမိဳ႕နယ္

ဝါးစိမ္းေတာင္စီမံကိန္းနဲ႔ ပတ္သက္ၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ျပည္သူလူထုလက္ခံမွ စီမံကိန္းကိုေဆာင္ရြက္သြားမယ္လို႔ ေျပာဆိုထားေပမယ့္ တိုင္းေဒသႀကီး အစိုးရက စမ္းသပ္တူးေဖၚခြင့္ျပဳလိုက္တာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ စုေပါင္းၿပီး ကန္႔ကြက္သြားမယ္လို႔ ယင္းမာပင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

Soundbite  ဦးေအာင္စိုး (ယင္းမာပင္မဲဆႏၵနယ္)  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္

၀ါးစိမ္းေတာင္ သတၳဳတူးေဖာ္ေရးစီမံကိန္းပတ္သက္ၿပီး  တိုင္ေဒသႀကီးအစိုးရအေနနဲ႔ ျပည္သူလူထုရဲ႕သေဘာ ဆႏၵကို ဆက္လက္လ်စ္လ်ဴရႈေနပါက  ဆားလင္းႀကီး၊ ယင္းမာပင္၊ ကနီၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံလူထု ပူးေပါင္းကာ သမၼတရံုးနဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံရံုးအထိ တင္ျပသြားဖို႔စီစဥ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္ ခင္ဗ်ာ။

ဝါးစိမ်းတောင်မှာ သတ္တုစမ်းသပ်တူးဖော်ခွင့် ပြုလိုက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ


ဝါးစိမ်းတောင်ဒေသအတွင်း သတ္တုစမ်းသပ်တူးဖော်ခွင့်ပြုလိုက်တဲ့အပေါ် ဒေသခံ ၁၀ဝ၀ ကျော်က ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာမြို့နယ်ရှိ ဝါးစိမ်းတောင်ဒေသအတွင်း သတ္ထုစမ်းသပ်ရှာဖွေရေးစီမံကိန်း ဧရိယာအတွင်းမှာ ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆၊ ဘုန်းတော်ကျောင်း ၁၃၉ ကျောင်းရှိနေပြီး ဒေသခံလူထုရဲ့ စီးပွား၊ လူနေမှုဘဝတွေ ထိခိုက်နိုင်မှာ ဖြစ်တဲ့အတွက် ဒေသခံ ၁၀ဝ၀ ကျော်က မုံရွာမြို့မှာ ဆန္ဒထုတ်ဖေါ်ခဲ့တာပါ။


စက်တင်ဘာလ ၃၀ ရက်နေ့က မုံရွာမြို့အတွင်း ဒေသခံလူထု သဘောတူညီချက်မရရှိဘဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက သတ္ထုစမ်းသပ်ရှာဖွေရေး စမ်းသပ်တူးဖော်ခွင့်ပေးလိုက်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။


Soundbite ဦးဝင်းနိ်ုင် (ဒေသခံ) အိုးဘိုကျေးရွာ၊ ယင်းမာပင်မြို့နယ်
ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်သူလူထုလက်ခံမှ စီမံကိန်းကိုဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပေမယ့် တိုင်းဒေသကြီး အစိုးရက စမ်းသပ်တူးဖေါ်ခွင့်ပြုလိုက်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ကန့်ကွက်သွားမယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။


Soundbite ဦးအောင်စိုး (ယင်းမာပင်မဲဆန္ဒနယ်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းပတ်သက်ပြီး တိုင်ဒေသကြီးအစိုးရအနေနဲ့ ပြည်သူလူထုရဲ့သဘော ဆန္ဒကို ဆက်လက်လျစ်လျူရှုနေပါက ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံလူထု ပူးပေါင်းကာ သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးအထိ တင်ပြသွားဖို့စီစဉ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ် ခင်ဗျာ။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)