ျဖဴးေခ်ာင္း ေရအားလ်ွပ္စစ္ ဓာတ္အားေပးစက္႐ုံ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြား က်ပ္ေငြ သိန္းေထာင္နဲ႔ခ်ီ ပ်က္စီးဆုံး႐ူွံး

0
370

ျဖဴးေခ်ာင္း ေရအားလ်ွပ္စစ္ ဓာတ္အားေပးစက္႐ုံ မီးေလာင္ကြၽမ္းမႈေၾကာင့္ က်ပ္ေငြ သိန္းေပါင္း ေထာင္နဲ႔ခ်ီၿပီး ပ်က္စီးဆုံး႐ံႈးခဲ့ရပါတယ္။

    

စက္တင္ဘာ ၃၀ ရက္ ည ၁၀ နာရီခြဲအခ်ိန္ေလာက္က ျဖဴးၿမိဳ႕နယ္ အေနာက္ဘက္ မင္းကံ႐ိုးေက်းရြာအုပ္စု ဒုိင္းတရာေက်းရြာနဲ႔ ၇ မုိင္ခန္႔အကြာမွာ တည္ေဆာက္ထားတဲ့ ျဖဴးေခ်ာင္းေရအားလွ်ပ္စစ္ ဓါတ္အားေပးစက္႐ံုမွာ ဝါယာေရွာ့ခ္ျဖစ္ၿပီး စတင္မီးေလာင္ကၽြမ္းခဲ့တာပါ။

ဓာတ္အားေပးစက္႐ံုအတြင္းက VCB VACCUM -CIRCURT-BRAKER 17 က စတင္ ဝါယာေ႐ွာ့ခ္ ျဖစ္ပြားခဲ့ကာ အနီးရွိ 23KVA/11KV ထရမ္စေဖာ္မာေတြကို အားကူးစက္ေလာင္ကြၽမ္းခဲ့တာပါ။

မီးေလာင္ကၽြမ္းမႈကို အျမန္လမ္းမၾကီး မီးသတ္စခန္း (၁၁၅) မုိင္က မီးသတ္ယာဥ္ ၄ စီးနဲ႔ သြားေရာက္ မီးျငိမ္းသတ္ခဲ့ၿပီး ေအာက္တိုဘာလ ၁ ရက္ေန႔ နံနက္ အေစာပုိင္းတြင္ မီးျငိမ္းသတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

အခုမီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့တဲ့ ျဖဴးေခ်ာင္းေရအားလ်ွပ္စစ္ဓာတ္အားေပးစက္႐ုံဟာ လ်ွပ္စစ္ႏွင့္စြမ္းအင္ ၀န္ႀကီးဌာနပိုင္ျဖစ္ၿပီး  ၂၀၀၁-၂၀၀၂ ခုႏွစ္မွာ စတင္တည္ေဆာက္ လည္ပတ္ခဲ့တာျဖစ္ပါတယ္။

မီးေလာင္ကၽြမ္း ေပါက္ကြက္မႈအတြင္း ထိခိုက္ ေသဆံုးဒဏ္ရာရရွိမႈ မရွိခဲ့ေပမယ့္ က်ပ္ေငြ သိန္းေပါင္း ေထာင္နဲ႔ ပ်က္ဆီး ဆံုးရံႈးႏိုင္ၿပီး ပညာ႐ွင္ေတြနဲ႔ေသခ်ာတြက္ခ်က္မွအတိအက်သိႏိုင္မယ္လို႔ နယ္ေျမခံ မီးသတ္တပ္ဖြဲ႔ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားထားပါတယ္။

ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)

>>>>>>>>>>>>

ဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ကျပ်ငွေ သိန်းထောင်နဲ့ချီ ပျက်စီးဆုံးရှူံးဖြူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် ကျပ်ငွေ သိန်းပေါင်း ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီခွဲအချိန်လောက်က ဖြူးမြို့နယ် အနောက်ဘက် မင်းကံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာနဲ့ ၇ မိုင်ခန့်အကွာမှာ တည်ဆောက်ထားတဲ့ ဖြူးချောင်းရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှာ ဝါယာရှော့ခ်ဖြစ်ပြီး စတင်မီးလောင်ကျွမ်းခဲ့တာပါ။

ဓာတ်အားပေးစက်ရုံအတွင်းက VCB VACCUM -CIRCURT-BRAKER 17 က စတင် ဝါယာရှော့ခ် ဖြစ်ပွားခဲ့ကာ အနီးရှိ 23KVA/11KV ထရမ်စဖော်မာတွေကို အားကူးစက်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်ကျွမ်းမှုကို အမြန်လမ်းမကြီး မီးသတ်စခန်း (၁၁၅) မိုင်က မီးသတ်ယာဉ် ၄ စီးနဲ့ သွားရောက် မီးငြိမ်းသတ်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနပိုင်ဖြစ်ပြီး ၂၀ဝ၁-၂၀ဝ၂ ခုနှစ်မှာ စတင်တည်ဆောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်း ပေါက်ကွက်မှုအတွင်း ထိခိုက် သေဆုံးဒဏ်ရာရရှိမှု မရှိခဲ့ပေမယ့် ကျပ်ငွေ သိန်းပေါင်း ထောင်နဲ့ ပျက်ဆီး ဆုံးရှုံးနိုင်ပြီး ပညာရှင်တွေနဲ့သေချာတွက်ချက်မှအတိအကျသိနိုင်မယ်လို့ နယ်မြေခံ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)