ေျမစာရင္းဦးစီးနဲ႔ ဧရာ၀တီတိုင္းအစိုးရအဖြဲ႔ အတြင္းေရးမွဴးေဟာင္းကို ေျမယာကိစၥနဲ႔ တရားစြဲ (႐ုပ္/သံ)

0
868

ေငြေဆာင္ျမိဳ႕နယ္ ေျမစာရင္းဦးစီးမွဴးေဟာင္းနဲ႔ တိုင္းေဒသၾကီး အစိုးရအဖြဲ႕ အတြင္းေရးမွဴးေဟာင္းကို ေျမယာကိစၥနဲ႔ပါတ္သက္ျပီး ေတာင္သူေတြက ဧရာဝတီတိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ တရားစြဲဆိုလိုက္ပါတယ္ ။ ဒီသတင္းကို MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္ ။

ေငြေဆာင္ျမိဳ႕က အုန္းျခေံျမကိုျခံခတ္ျပီး ဟိုတယ္ေဆာက္လုပ္မႈနဲ႔ပက္သက္လို႔ နစ္နာသူ မူလပိုင္ရွင္ရဲ႕ သားသမီးတစ္စုက ဟိုတယ္လုပ္ငန္းရွင္ေတြကို ၂၀၁၅ခုႏွစ္ ေဖာေဖာ္ဝါရီလမွာ တရားမမႈနဲ႔ တရားစြဲဆိုခဲ႔တာပါ။
အဲ႔ဒီအမႈနဲ႔ပါတ္သက္ျပီး တရားရင္ဆိုင္ေနတုန္း ၂၀၁၅ ခုႏွစ္စက္တင္ဘာလမွာ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕အတြင္းေရးမွဴး ဦးေအးေက်ာ္ညႊန္ၾကားခ်က္နဲ႔ လ/န၂၉/၃၀ အရ ဥယ်ာဥ္ျခံေျမကို အျခားနည္းသံုးစြဲခြင့္ အမိန္႔ပံုစံ (၁၅) ထုတ္ေပးခဲ႔တာေၾကာင့္ ေတာင္သူေတြက ခုလိုတရားစြဲဆိုလိုက္တာပါ ။

Soundbite – ဦးေအးျမင့္

ေငြေဆာင္ျမိဳ႕မွာရွိတဲ႔ အျငင္းပြား ေျမကြက္၇ ကြက္ကို ဟိုတယ္ေဆာက္လုပ္ေနတာေၾကာင့္ တရားစြဲဆိုထားတဲ႔ၾကားက အစိုးရအဖြဲ႕အတြင္းေရးမွဴးနဲ ႔ေျမစာရင္းဦးစီးမွဴးက ပံုစံ ၁၅ထုတ္ ေပးလိုက္တာေၾကာင့္ ခုလိုတရားစြဲဆိုရတာျဖစ္တယ္လို႔ ေတာင္သူတစ္ဦးက ေျပာပါတယ္။

Soundbite – ေဒၚစန္းစန္းဝင္း

အခုလို ေတာင္သူေတြအေနနဲ႔ ဧရာဝတီတိုင္းေဒသႀကီးတရားလႊတ္ေတာ္မွာ တရားစြဲဆိုတဲ႔အေပၚ တရားသူႀကီးေတြ စံုလင္မႈမရွိေသးတဲ႔အတြက္ အမႈကိုလက္ခံသင့္မသင့္မဆံုးျဖတ္ရေသးဘဲ မတ္လ၃၀ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္ခင္ဗ်ာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေဆောင်မြို့နယ် မြေစာရင်းဦးစီးမှူးဟောင်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းကို မြေယာကိစ္စနဲ့ပါတ်သက်ပြီး တောင်သူတွေက ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုလိုက်ပါတယ် ။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ် ။

ငွေဆောင်မြို့က အုန်းခြေံမြကိုခြံခတ်ပြီး ဟိုတယ်ဆောက်လုပ်မှုနဲ့ပက်သက်လို့ နစ်နာသူ မူလပိုင်ရှင်ရဲ့ သားသမီးတစ်စုက ဟိုတယ်လုပ်ငန်းရှင်တွေကို ၂၀၁၅ခုနှစ် ဖောဖော်ဝါရီလမှာ တရားမမှုနဲ့ တရားစွဲဆိုခဲ့တာပါ။
အဲ့ဒီအမှုနဲ့ပါတ်သက်ပြီး တရားရင်ဆိုင်နေတုန်း ၂၀၁၅ ခုနှစ်စက်တင်ဘာလမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်ညွှန်ကြားချက်နဲ့ လ/န၂၉/၃၀ အရ ဥယျာဉ်ခြံမြေကို အခြားနည်းသုံးစွဲခွင့် အမိန့်ပုံစံ (၁၅) ထုတ်ပေးခဲ့တာကြောင့် တောင်သူတွေက ခုလိုတရားစွဲဆိုလိုက်တာပါ ။

Soundbite – ဦးအေးမြင့်

ငွေဆောင်မြို့မှာရှိတဲ့ အငြင်းပွား မြေကွက်၇ ကွက်ကို ဟိုတယ်ဆောက်လုပ်နေတာကြောင့် တရားစွဲဆိုထားတဲ့ကြားက အစိုးရအဖွဲ့အတွင်းရေးမှူးနဲ ့မြေစာရင်းဦးစီးမှူးက ပုံစံ ၁၅ထုတ် ပေးလိုက်တာကြောင့် ခုလိုတရားစွဲဆိုရတာဖြစ်တယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

Soundbite – ဒေါ်စန်းစန်းဝင်း

အခုလို တောင်သူတွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှာ တရားစွဲဆိုတဲ့အပေါ် တရားသူကြီးတွေ စုံလင်မှုမရှိသေးတဲ့အတွက် အမှုကိုလက်ခံသင့်မသင့်မဆုံးဖြတ်ရသေးဘဲ မတ်လ၃၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)