တတိယအၾကိမ္ ၂၁ ရာစု ပင္လံုကို ဧျပီလကုန္ပိုင္းမွာ ျပဳလုပ္ဖို႔ JICM ဆံုးျဖတ္ (႐ုပ္/သံ)

0
908

တတိယအၾကိမ္ ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံုကို လာမယ့္ ေမလထဲမွာ ျပဳလုပ္ဖို႔ JICM အစည္းအေ၀းက ဆံုးျဖတ္လိုက္ပါတယ္။ ဒီသတင္းကုိေတာ့ MCN ေနျပည္ေတာ္ သတင္းေထာက္ ျဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

၇ ၾကိမ္ေျမာက္ JICM အစည္းအေ၀းကို ေဖေဖၚ၀ါရီ ၂၈ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့ျပီး ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ႔ပါတယ္ ။ အဲ႔ဒီ JICM အစည္းအေ၀းမွာ တတိယပင္လံုက်င္းပမယ့္ရက္ အပါအ၀င္ ဆံုးျဖတ္ခ်က္အခ်ိဳ႕ကို ခ်မွတ္ႏိုင္ခဲ့ပါတယ္ ။

Soundbite – ေဒၚေအာင္ဆန္းစုၾကည္ (ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္)

တတိယပင္လံုကိုေတာ႔ လာမယ့္ ေမလဆန္းမွာ ျပဳလုပ္ဖို႔ သေဘာတူညီခဲ့ၾကသလို UPDJC ကို ျပင္ဆင္ဖြဲ႔စည္းဖို႔၊ အမ်ိဳးသားအဆင့္ႏုိင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ လူထုေတြ႕ဆံုပြဲေတြအတြက္ကိုပါ သေဘာတူညီမႈေတြရရွိခဲ့တယ္လုိ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံရုံး၀န္ၾကီး႒ာန ညႊန္ၾကားေရးမွဴးခ်ဳပ္ဦးေဇာ္ေ႒းက ေျပာပါတယ္။

Soundbite – ဦးေဇာ္ေ႒း (ညႊန္ၾကားေရးမွဴးခ်ဳပ္) ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ၾကီး႒ာန

အခုလက္ရွိမွာ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမုိကရက္တစ္ပါတီတုိ႔က NCA မွာ ပါ၀င္လက္မွတ္ေရးထုိးလာျပီျဖစ္တဲ့ အတြက္ JICM ကို မူလ ၈ ဖြဲ႔အစား ၉ ဖြဲ႔ / ၉ ဦးစီနဲ႔ တက္ေရာက္ဖို႔ သေဘာတူညီခဲ့သလို UPDJC ကိုလည္း အစုအဖြဲ႔ တစ္ဖြဲ႔ဆီမွာ ၁၆ ဦးစီနဲ႔ ျပင္ဆင္ဖြဲ႔စည္းဖို႔အတြက္ JICM မွာ ထပ္ေလာင္းအတည္ျပဳႏုိင္ခဲ့ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို လာမယ့် မေလထဲမှာ ပြုလုပ်ဖို့ JICM အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော် သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

၇ ကြိမ်မြောက် JICM အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ် ။ အဲ့ဒီ JICM အစည်းအဝေးမှာ တတိယပင်လုံကျင်းပမယ့်ရက် အပါအဝင် ဆုံးဖြတ်ချက်အချို့ကို ချမှတ်နိုင်ခဲ့ပါတယ် ။

Soundbite – ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

တတိယပင်လုံကိုတော့ လာမယ့် မေလဆန်းမှာ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြသလို UPDJC ကို ပြင်ဆင်ဖွဲ့စည်းဖို့၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေအတွက်ကိုပါ သဘောတူညီမှုတွေရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဋ္ဌေးက ပြောပါတယ်။

Soundbite – ဦးဇော်ဋ္ဌေး (ညွှန်ကြားရေးမှူးချုပ်) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန

အခုလက်ရှိမှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့က NCA မှာ ပါဝင်လက်မှတ်ရေးထိုးလာပြီဖြစ်တဲ့ အတွက် JICM ကို မူလ ၈ ဖွဲ့အစား ၉ ဖွဲ့ / ၉ ဦးစီနဲ့ တက်ရောက်ဖို့ သဘောတူညီခဲ့သလို UPDJC ကိုလည်း အစုအဖွဲ့ တစ်ဖွဲ့ဆီမှာ ၁၆ ဦးစီနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့အတွက် JICM မှာ ထပ်လောင်းအတည်ပြုနိုင်ခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)