မႏၱေလး စည္ပင္ေလလံေၾကး ဆယ္ရာခိုင္ႏႈန္း တိုးျမွင့္ (႐ုပ္/သံ)

0
811

မႏၲေလးၿမိဳ႔ေတာ္စည္ပင္က တာဝန္ယူထားတဲ႔ အရပ္ရပ္ဆိုင္ရာလုပ္ငန္းေတြရဲ႕ ေလလံေၾကးကို ဆယ္ရာခိုင္ႏူန္း တိုးျမွင့္သြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕တြင္းက အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ႔ လုပ္ငန္းေတြရဲ႕ ေလလံေၾကးကို ဆယ္ရာခိုင္ႏူန္းအထိ တိုးျမွင့္သြားမွာျဖစ္ပါတယ္။

အခုလိုတိုးျမွင့္ေကာက္ခံရာကေန ရရွိလာတဲ႔ ေငြေၾကးေတြကို မႏၲေလးၿမိဳ႕ရဲ႕ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို ပိုမိုေဆာင္ရြက္ႏိုင္ဖို႔ သံုးစြဲသြားမွာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႔ေတာ္စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ေဇာေအာင္ကေျပာပါတယ္။

Soundbite – ဦးေက်ာ္ေဇာေအာင္ ေကာ္မတီဝင္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ

ေလလံရရွိတဲလုပ္ငန္းေတြအေနနဲ႔ စည္းကမ္းခ်ဳိးေဖာက္တာေတြအတြက္လည္း ပိုမိုျပင္းထန္တဲ႔ အေရးယူမႈေတြ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

ၿပီးခဲ႔တဲ႔ ကာလေတြက မႏၲေလးၿမိဳ႔ေတာ္ စည္ပင္ရဲ႕လုပ္ငန္းေတြ ေလလံတင္ေရာင္းခ်ရာမွာ ပြင့္လင္းျမင္သာမႈအားနည္းတာေတြလည္း ရိွခဲ႔တာ ျဖစ္ပါတယ္။

Soundbite – ဦးေက်ာ္ေဇာေအာင္ ေကာ္မတီဝင္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ

ၿပီးခဲ႔ ၂၀၁၇ ၂၀၁၈ ဘ႑ာႏွစ္အတြင္းမွာ အရပ္ရပ္ဆိုင္ရာလုပ္ငန္းေတြကေန အခြန္ေငြအျဖစ္ က်ပ္သိန္းေပါင္း ႏွစ္သိန္းနီးပါးရရွိခဲ႔တာျဖစ္ၿပီး အဲ႔ဒီထက္ ပိုမိုရရွိဖို႔ ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးမြို့တော်စည်ပင်က တာဝန်ယူထားတဲ့ အရပ်ရပ်ဆိုင်ရာလုပ်ငန်းတွေရဲ့ လေလံကြေးကို ဆယ်ရာခိုင်နူန်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

မန္တလေးမြို့တွင်းက အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေရဲ့ လေလံကြေးကို ဆယ်ရာခိုင်နူန်းအထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

အခုလိုတိုးမြှင့်ကောက်ခံရာကနေ ရရှိလာတဲ့ ငွေကြေးတွေကို မန္တလေးမြို့ရဲ့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့ သုံးစွဲသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်ကပြောပါတယ်။

Soundbite – ဦးကျော်ဇောအောင် ကော်မတီဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

လေလံရရှိတဲလုပ်ငန်းတွေအနေနဲ့ စည်းကမ်းချိုးဖောက်တာတွေအတွက်လည်း ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလတွေက မန္တလေးမြို့တော် စည်ပင်ရဲ့လုပ်ငန်းတွေ လေလံတင်ရောင်းချရာမှာ ပွင့်လင်းမြင်သာမှုအားနည်းတာတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

Soundbite – ဦးကျော်ဇောအောင် ကော်မတီဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

ပြီးခဲ့ ၂၀၁၇ ၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ အရပ်ရပ်ဆိုင်ရာလုပ်ငန်းတွေကနေ အခွန်ငွေအဖြစ် ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးရရှိခဲ့တာဖြစ်ပြီး အဲ့ဒီထက် ပိုမိုရရှိဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)