ဘဂၤါလီေတြ အခြင့္အေရးအတြက္ OIC က ICJ ကေန ဥပေဒေၾကာင္းအရ လုပ္ေဆာင္မယ္

0
536

ဘဂၤါလီ မြတ္စလင္ေတြ ဥပေအရ အခြင့္အေရး ရရွိဖို႔အတြက္ အျပည္ျပည္ဆိုင္ရာ တရားခံု႐ံုး (ICJ) ကေန တစ္ဆင့္ ဥပေဒေၾကာင္းအရ လုပ္ေဆာင္ဖို႔ အစၥလာမ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) က တညီတညြတ္တည္း သေဘာတူလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဘဂၤါလီ မြတ္စလင္ေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈအတြက္ တာဝန္ခံဖို႔ ညွိႏိႈင္းမႈေတြ လုပ္ခဲ့ၿပီးတဲ့ေနာက္ ICJ ကေနတစ္ဆင့္ ဥပေဒေၾကာင္းအရ ေဆာင္ရြက္ဖို႔ ျဖစ္လာတယ္လို႔ မေန႔ မတ္လ ၄ ရက္ေန႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဂမ္ဘီယာႏိုင္ငံက ဦးေဆာင္ၿပီး OIC ၁၀ ႏိုင္ငံက အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႔က ဘဂၤါလီအေရးကို ICJ ကတစ္ဆင့္ ေျဖရွင္းဖို႔ အခုလိုဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ လူမ်ိဳးတံုးသတ္ျဖတ္မႈဆိုင္ရာ သေဘာတူညီခ်က္၊ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ ဥပေဒ စတဲ့ ႏိုင္ငံတကာ ဥပေဒေတြအရ ဥပေဒေၾကာင္း အခြင့္အေရးေတြကို ေတာင္းဆိုဖို႔ အႀကံျပဳထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ အခွင့်အရေးအတွက် OIC က ICJ ကနေ ဥပဒေကြောင်းအရ လုပ်ဆောင်မယ်

ဘင်္ဂါလီ မွတ်စလင်တွေ ဥပအေရ အခွင့်အရေး ရရှိဖို့အတွက် အပြည်ပြည်ဆိုင်ရာ တရားခုံရုံး (ICJ) ကနေ တစ်ဆင့် ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က တညီတညွတ်တည်း သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ခံဖို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ICJ ကနေတစ်ဆင့် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ဖြစ်လာတယ်လို့ မနေ့ မတ်လ ၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီး OIC ၁၀ နိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂါလီအရေးကို ICJ ကတစ်ဆင့် ဖြေရှင်းဖို့ အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ စတဲ့ နိုင်ငံတကာ ဥပဒေတွေအရ ဥပဒေကြောင်း အခွင့်အရေးတွေကို တောင်းဆိုဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။