
0
289




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိမိဘက်က စပြီး တိုက်ပွဲ မဖြစ်အောင် ထိန်းသိမ်းနေတယ်လို့ ရှမ်းပြည်တိုးတက်ရေး ပါတီပြော

မိမိဘက်က စပြီး တိုက်ပွဲ မဖြစ်အောင် ထိန်းသိမ်းနေတယ်လို့ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ SSPP က ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့တွေ နဲ့ ရှမ်းပြည်နယ်တိုးတက်ရေးပါတီတို့ တွေ့ဆုံဆွေးနွေးစဉ်မှာ ပါတီရဲ့ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ပြောကြားခဲ့တာပါ။

မိမိတို့ဘက်က စပြီး ပစ်ခေတ်တိုက်ခိုက်တာတွေ မလုပ်ဖို့ တပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း နဲ့ ဒီနေ့ အထိ ထိမ်းသိမ်းထားကြောင်း အခု နောက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတွေနဲ့ စစ်စခန်းတွေကို စပြီးတိုက်ခိုက်တာ မလုပ်တော့ကြောင်း ရှမ်းပြည်နယ် တိုးတက်ရေးပါတီ ရဲ့ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ပြောကြားခဲ့တာပါ။

?bph6