အမႈပြဲစားေတြနဲ႔ အာမခံအငွားလုိက္သူေတြကုိ အေရးယူ ေဆာင္ရြက္မယ္

0
273

တရား႐ံုးေရွ႕က အမႈပြဲစားေတြနဲ႔ အာမခံအငွားလိုက္သူေတြကို အေရးယူသြားမွာျဖစ္ေၾကာင္း ရန္ကုန္တုိင္း ေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးလွေအးက ေျပာၾကားလုိက္ပါတယ္။

ေဖေဖာ္၀ါရီလ ၂၂ရက္ေန႔က ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး မွာ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္လြင္က“ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း တရားရံုးေတြမွာ စြပ္စြဲခံရတဲ့ အမႈသည္ေတြက တင္သြင္းတဲ့ ခုိင္လုံတဲ့ အာမခံသူေတြအေနနဲ႔ အခ်ဳပ္လြတ္ ထုေခ်ခြင့္ (အာမခံခြင့္) ရိွ/မရိွ၊ စီရင္ပိုင္ခြင့္ရိွတဲ့ တရားရံုးၿမိဳ႕နယ္ အတြင္းက ခိုင္လံုတဲ့ အာမခံမယ္ဆုိပါက အာမခံေပးရမွာကုိ ညႊန္ၾကားခ်က္ ရိွပါသလားဆိုတဲ့ အဆုိကုိ ” ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

အဒီလုိေမးျမန္းခဲ့တဲ့အေပၚ ရန္ကုန္တုိင္းေဒသႀကီး တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးလွေအးက ေသခ်ာ စံုစမ္းစစ္ေဆးၿပီး အျပစ္ရွိေၾကာင္းထင္ရွားရင္အေရးယူ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

လက္ရွိမွာ တရားရုံးေရွ႕ေတြမွာ အာမခံအငွားလုိက္သူေတြနဲ႔ အမႈပြဲစားေတြ မ်ားျပားလာတဲ့အျပင္ ေငြေၾကးမ တတ္နုိင္တဲ့အမႈသည္ေတြ ဟာ အခက္အခဲမ်ားစြာနဲ႔ရင္ဆုိင္ေနၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမှုပွဲစားတွေနဲ့ အာမခံအငှားလိုက်သူတွေကို အရေးယူ ဆောင်ရွက်မယ်

တရားရုံးရှေ့က အမှုပွဲစားတွေနဲ့ အာမခံအငှားလိုက်သူတွေကို အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး မှာ မြောက်ဥက္ကလာပ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က“ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားရုံးတွေမှာ စွပ်စွဲခံရတဲ့ အမှုသည်တွေက တင်သွင်းတဲ့ ခိုင်လုံတဲ့ အာမခံသူတွေအနေနဲ့ အချုပ်လွတ် ထုချေခွင့် (အာမခံခွင့်) ရှိ/မရှိ၊ စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမြို့နယ် အတွင်းက ခိုင်လုံတဲ့ အာမခံမယ်ဆိုပါက အာမခံပေးရမှာကို ညွှန်ကြားချက် ရှိပါသလားဆိုတဲ့ အဆိုကို ” မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဒီလိုမေးမြန်းခဲ့တဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေးက သေချာ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိကြောင်းထင်ရှားရင်အရေးယူ ဆောင်ရွက်မှာဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ တရားရုံးရှေ့တွေမှာ အာမခံအငှားလိုက်သူတွေနဲ့ အမှုပွဲစားတွေ များပြားလာတဲ့အပြင် ငွေကြေးမ တတ်နိုင်တဲ့အမှုသည်တွေ ဟာ အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။

?bph6