
0
250




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းပြည် ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် သတင်းတွေမရေးသားကြဖို့ တပ်မတော်ပြော

သတင်းမီဒီယာသမားတွေအနေနဲ့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့်အယှက်ဖြစ်စေမယ့် သတင်းတွေနဲ့ အထင်အမြင်လွဲမှားစေမယ့် သတင်းတွေကို မီဒီယာတွေကလက်ဦးမှုတစ်ခုနဲ့ မလုပ်စေချင် ဘူးလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်း စစ်ဌာချုပ် ကုန်းမြင့်သာရိပ်သာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့သတင်းမီဒီယာမဏ္ဍိုင်အနေနဲ့ နိုင်ငံရဲ့လုံခြုံရေး၊ကာကွယ်ရေး၊ စီးပွားရေး အခြေအနေတွေ ကိုပြန်လည်သုံးသပ်ဖို့ လိုအပ်နေတဲ့အပြင် အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်နေမှုတွေကို မီဒီယာတွေအနေနဲ့ ဘယ်လောက် အထောက်အကူပြုပေးနိုင်ပြီလဲဆိုတာ ပြန်လည်သုံးသပ်ဖို့လိုအပ်ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

?bph6