
0
129




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်မှု ၂၀၂၀ မှာ အပြီး လုပ်ဆောင်မယ်

မြို့ပတ် မီးရထားလမ်း အဆင့်မြှင့်တင်မှုကို ၂၀၂၀ မှာ အပြီးသပ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထား အောက်မြန်မာပြည်က အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း ကပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံးမှာ ပြုလုပ်တဲ့ မြို့ပတ်လမ်း အဆင့်မြှင့် တင်ရေး အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အဆင့်မြှင့်တင်ပြီးတာနဲ့ အခုမောင်းနှင်နေတဲ့ မိုင်တိုင် ၄၀ ကနေ ၆၀ အထိ တိုးမြှင့်မောင်းနှင်မှာ ဖြစ်တာကြောင့် ပုံမှန်ကြာချိန်ထက် တစ်နာရီခွဲလောက် အချိန်ကုန်သက်သာသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထား အောက်မြန်မာပြည်က အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း ကပြောဆိုခဲ့တာဖြစ်ပါတယ်။

?bph6