အလုပ္အကိုင္ျပန္ရဖို႔ အုတ္က်င္း ဂုန္နီစက္႐ုံ/ေလွ်ာ္ေရြးလုပ္သား ၃၀၀ ေက်ာ္ ဆႏၵျပ

0
270

အလုပ္အကိုင္ျပန္လည္ရရွိေရး အုတ္က်င္း ဂုန္နီစက္႐ုံ/ေလွ်ာ္ေရြးလုပ္သား ၃၀၀ေက်ာ္က ေလးႀကိမ္ေျမာက္ ဆႏၵျပေတာင္းဆိုခ့ဲပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

စက္႐ုံပိတ္သိမ္းလို႔ အလုပ္ထုတ္ခံရတ့ဲ အုတ္က်င္းဂုန္နီ/ေလွ်ာ္ေရြးစက္႐ုံအလုပ္သမား ၃၀၀ ေက်ာ္က အလုပ္အကိုင္ ျပန္လည္ရရွိေရးအပါအ၀င္ ေတာင္းဆိုခ်က္ ၆ ခ်က္ကို ၄ ႀကိမ္ေျမာက္ ေတာင္းဆို ဆႏၵျပခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ႀကိဳကုန္းဘူတာအနီးကေန႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ တိုင္းေဒသႀကီးဦးစီးမွဴး႐ုံးအထိ လမ္းေလွ်ာက္ဆႏၵျပခ့ဲၾကတာပါ။

Soundbite- ဦးဝင္းျမင့္ (ဥကၠ႒)
ေက်ာ္ထက္ေက်ာ္ကုမၸဏီ အေျခခံအလုပ္သမားမ်ားသမဂၢ

အုတ္က်င္းဂုန္နီ/ေလွ်ာ္ေရြးစက္႐ုံနည္းတူ ႏိုင္ငံပိုင္စက္႐ုံေတြကေန ပုဂၢလိကကို လႊဲေျပာင္းၿပီးေနာက္ မူလဝန္ႀကီးဌာနနဲ႔ သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္မႈရွိေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အဲဒီလို ခ်ိဳးေဖာက္မႈေတြေၾကာင့္ ႏိုင္ငံဝန္ထမ္းေတြကေန ပုဂၢလိက၀န္ထမ္းအျဖစ္ ေျပာင္းလဲခံရတဲ့အတြက္ ၀န္ထမ္းေတြရဲ႕ဘ၀ အာမခံခ်က္ ရွိဘူးျဖစ္ေနတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။

Soundbite- ဦးေအာင္ေက်ာ္ထြန္းႏိုင္ဦး (ဦးေဆာင္ေကာ္မတီ၀င္)
ႏိုင္ငံပိုင္ႏွင့္ႏိုင္ငံပိုင္မွ ပုဂၢလိကသို႔လႊဲေျပာင္းျခင္းဆိုင္ရာ အလုပ္သမားမ်ားေကာ္မတီ

ဇန္န၀ါရီလ ၉ ရက္ေန႔က စတင္အလုပ္ထုတ္ပယ္ခံလိုက္ရတဲ့ ေက်ာ္ထက္ေက်ာ္ အုတ္က်င္းဂုန္နီအိတ္္စက္ရံု က အလုပ္သမားေတြဟာ အလုပ္ထုတ္ပယ္စဥ္ကတည္းက စက္႐ုံေရွ႕နဲ႔ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ စီတန္းလွည့္လည္ ဆႏၵျပခဲ့တာ ၃ ႀကိမ္ရွိေနၿပီ ျဖစ္ပါတယ္။

ကုမၸဏီဘက္က ဇန္နဝါရီလအတြင္း ျပဳလုပ္တ့ဲ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ သုံးပြင့္ဆိုင္ ညိႇႏိႈင္းေျဖရွင္းေပးမယ္လို႔ ေျပာၾကားထားေပမယ့္ အခု ၄ ႀကိမ္ေျမာက္ ဆႏၵျပတဲ့ေန႔အထိ လာေရာက္ ညိႇႏိႈင္းေျဖရွင္းေပးတာမရွိဘူးလို႔ အလုပ္သမားေတြကေျပာပါတယ္ ခင္ဗ်ာ။

အလုပ်အကိုင်ပြန်လည်ရရှိရေး အုတ်ကျင်း ဂုန်နီစက်ရုံ/လျှော်ရွေးလုပ်သား ၃၀ဝကျော်က လေးကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

စက်ရုံပိတ်သိမ်းလို့ အလုပ်ထုတ်ခံရတဲ့ အုတ်ကျင်းဂုန်နီ/လျှော်ရွေးစက်ရုံအလုပ်သမား ၃၀ဝ ကျော်က အလုပ်အကိုင် ပြန်လည်ရရှိရေးအပါအဝင် တောင်းဆိုချက် ၆ ချက်ကို ၄ ကြိမ်မြောက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ကြိုကုန်းဘူတာအနီးကနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

Soundbite- ဦးဝင်းမြင့် (ဥက္ကဋ္ဌ)
ကျော်ထက်ကျော်ကုမ္ပဏီ အခြေခံအလုပ်သမားများသမဂ္ဂ

အုတ်ကျင်းဂုန်နီ/လျှော်ရွေးစက်ရုံနည်းတူ နိုင်ငံပိုင်စက်ရုံတွေကနေ ပုဂ္ဂလိကကို လွှဲပြောင်းပြီးနောက် မူလဝန်ကြီးဌာနနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်မှုရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီလို ချိုးဖောက်မှုတွေကြောင့် နိုင်ငံဝန်ထမ်းတွေကနေ ပုဂ္ဂလိကဝန်ထမ်းအဖြစ် ပြောင်းလဲခံရတဲ့အတွက် ဝန်ထမ်းတွေရဲ့ဘဝ အာမခံချက် ရှိဘူးဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Soundbite- ဦးအောင်ကျော်ထွန်းနိုင်ဦး (ဦးဆောင်ကော်မတီဝင်)
နိုင်ငံပိုင်နှင့်နိုင်ငံပိုင်မှ ပုဂ္ဂလိကသို့လွှဲပြောင်းခြင်းဆိုင်ရာ အလုပ်သမားများကော်မတီ

ဇန်နဝါရီလ ၉ ရက်နေ့က စတင်အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီအိတ်စက်ရုံ က အလုပ်သမားတွေဟာ အလုပ်ထုတ်ပယ်စဉ်ကတည်းက စက်ရုံရှေ့နဲ့ မြို့တော်ခန်းမရှေ့မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့တာ ၃ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်က ဇန်နဝါရီလအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ပြောကြားထားပေမယ့် အခု ၄ ကြိမ်မြောက် ဆန္ဒပြတဲ့နေ့အထိ လာရောက် ညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ် ခင်ဗျာ။

?bph6