ကွန်တိန်နာတွေ သယ်ဆောင်နိုင်ဖို့ ရထားလမ်းပိုင်းတွေ အဆင်မြှင့်သွားမယ်

0
155









မြန်မာ့မီးရထား (MR-မမ) က ကွန်တိန်နာတွေ သယ်ဆာင်နိုင်ဖို့ ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင်သွားမယ်လို့ မြန်မာ့မီးရထား(ကုန်စည်)ရဲ့ ဒုတိယ အထွေထွေမန်နေဂျာက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။

မြန်မာ့မီးရထားက ကွန်တိန်နာတွေကို ရထားနဲ့သယ်ဆောင်နိုင်ဖို့ မီးရထားလမ်းတွေကို အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာမီးရထားမှာ ကွန်တိန်နာတွဲတွေ မရှိသေးတာကြောင့် ဝယ်ယူဖို့ကြိုးစားနေတယ်လို့လည်း မြန်မာ့မီးရထား (ကုန်စည်) ရဲ့ ဒုတိယ အထွေထွေမန်နေဂျာ ဦးညိုဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံးမှာ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

Sound Bite – ဦးညိုဦး (ဒုတိယ အထွေထွေမန်နေဂျာ) မြန်မာ့မီးရထား (ကုန်စည်)

ဒါ့အပြင် အခုလက်ရှိအချိန်မှာ ကုန်စည်တွေ၊ ကွန်တိန်နာတွေကို ကားနဲ့သယ်ယူတာတွေ များလာတာကြောင့် မီးရထားနဲ့ ကုန်သွယ်မှုတွေ ကျဆင်းနေတယ်လို့ ပြောပါတယ်။

Sound Bite – ဦးညိုဦး (ဒုတိယ အထွေထွေမန်နေဂျာ) မြန်မာ့မီးရထား (ကုန်စည်)

မြန်မာ့မီးရထားအနေနဲ့ ဂျပန်နိုင်ငံက JICA အဖွဲ့နဲ့ ပူးပေါင်းပြီး မီးရထားလမ်းအဆင့်မြှင့်တင်ရေးတွေ လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၀ မှာ အပြီးသတ် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်ခင်ဗျာ။

?bph6