မွတ္ပံုတင္နဲ႔ အိမ္ေထာင္စု ဇယား မိတၱဳေတာင္းရာမွ လင္မယားႏွစ္ဦး အသတ္ခံရ

0
262

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ မင္းႀကီးေဆြရပ္ကြက္မွာ ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ မိသားစုတစ္စုက ၿခံကြက္ဂရမ္ သက္တမ္းတိုးဖို႔ မွတ္ပံုတင္မိတၱဴနဲ႔ အိမ္ေထာင္စုဇယား မိတၱဴ လာေတာင္းရာက စကားမ်ားရန္ျဖစ္ၿပီး လာေတာင္းတဲ့ လင္မယား ႏွစ္ဦး အသတ္ခံရမႈ ျဖစ္ပြားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ၿခံကြက္ ဝယ္ထားသူ ဦးစိုးလင္းသန္း (၄၉ ႏွစ္)၊ ဇနီး ေဒၚေခ်ာစုစုလင္း (၄၅ ႏွစ္) နဲ႔ သမီး မေသာ္တာထက္စံ (၁၅ ႏွစ္) တို႔ ၿခံကြက္ဂရမ္ သက္တမ္းတိုးဖို႔ မင္းႀကီးေဆြ ရပ္ကြက္ေန ရဲဝင္း (၅၁ ႏွစ္) ရဲ႕ အိမ္မွာ မွတ္ပံုတင္မိတၱဴနဲ႔ အိမ္ေထာင္စုဇယား မိတၱဴ လာေတာင္းခဲ့ပါတယ္။

စကားမ်ား ရန္ျဖစ္ၿပီး ျပန္ထြက္လာစဥ္ ရဲဝင္းနဲ႔ ဖခင္ ဦးတိုးၾကည္ (၇၆ ႏွစ္) တို႔က ေနာက္ကလိုက္လာၿပီး ဓာတ္တိုင္မွာ သံုးတဲ့ ေၾကြသီးနဲ႔ ထု႐ိုက္ခဲ့လို႔ ဦးစိုးလင္းသန္းနဲ႔ ေဒၚေခ်ာစုစုလင္းတို႔မွာ ဒဏ္ရာေတြ ရရွိခဲ့လို႔ ေတာင္ငူျပည္သူ႔ေဆး႐ံု ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ပါတယ္။ မေသာ္တာထက္စံလည္း ေခါင္း၊ တံေတာင္တို႔မွာ ဒဏ္ရာေတြ ရခဲ့ပါတယ္။ ရဲဝင္းနဲ႔ ဦးတိုးၾကည္ကို ၿမိဳ႕သစ္ၿမိဳ႕နယ္ ရဲစခန္းက ဖမ္းဆီးထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မှတ်ပုံတင်နဲ့ အိမ်ထောင်စု ဇယား မိတ္တုတောင်းရာမှ လင်မယားနှစ်ဦး အသတ်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မင်းကြီးဆွေရပ်ကွက်မှာ ရန်ကုန်မြို့မှာနေထိုင်တဲ့ မိသားစုတစ်စုက ခြံကွက်ဂရမ် သက်တမ်းတိုးဖို့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယား မိတ္တူ လာတောင်းရာက စကားများရန်ဖြစ်ပြီး လာတောင်းတဲ့ လင်မယား နှစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခြံကွက် ဝယ်ထားသူ ဦးစိုးလင်းသန်း (၄၉ နှစ်)၊ ဇနီး ဒေါ်ချောစုစုလင်း (၄၅ နှစ်) နဲ့ သမီး မသော်တာထက်စံ (၁၅ နှစ်) တို့ ခြံကွက်ဂရမ် သက်တမ်းတိုးဖို့ မင်းကြီးဆွေ ရပ်ကွက်နေ ရဲဝင်း (၅၁ နှစ်) ရဲ့ အိမ်မှာ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယား မိတ္တူ လာတောင်းခဲ့ပါတယ်။

စကားများ ရန်ဖြစ်ပြီး ပြန်ထွက်လာစဉ် ရဲဝင်းနဲ့ ဖခင် ဦးတိုးကြည် (၇၆ နှစ်) တို့က နောက်ကလိုက်လာပြီး ဓာတ်တိုင်မှာ သုံးတဲ့ ကြွေသီးနဲ့ ထုရိုက်ခဲ့လို့ ဦးစိုးလင်းသန်းနဲ့ ဒေါ်ချောစုစုလင်းတို့မှာ ဒဏ်ရာတွေ ရရှိခဲ့လို့ တောင်ငူပြည်သူ့ဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။ မသော်တာထက်စံလည်း ခေါင်း၊ တံတောင်တို့မှာ ဒဏ်ရာတွေ ရခဲ့ပါတယ်။ ရဲဝင်းနဲ့ ဦးတိုးကြည်ကို မြို့သစ်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားပါတယ်။

?bph6