ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္ပေရာဂ်က္သစ္အတြက္ လူငယ္ပန္းခ်ီပညာရွင္ေတြ ဖိတ္ေခၚမယ္

0
244

ရန္ကုန္ၿမိဳ႕ ေနာက္ေဖးလမ္းၾကားေတြမွာ နံရံပန္းခ်ီေတြ ေရးဆြဲရာမွာ အႏုပညာလက္ရာေတြ အမ်ားျပည္သူထံ ျပသနုိင္မယ့္ အခြင့္အေရးတစ္ရပ္အျဖစ္ ဒုိ႔အိမ္လူမႈအက်ဳိးျပဳအဖြဲ႔အစည္းက ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္ပေရာဂ်က္ အသစ္အတြက္ လူငယ္ပန္းခ်ီပညာရွင္ေတြ ဖိတ္ေခၚသြားမွာ ျဖစ္ပါတယ္။

ေဆးျခယ္ျခင္း၊ ႐ုပ္ပုံေရးဆြဲျခင္းစတဲ့ ဖန္တီးမႈစြမ္းရည္ေကာင္းမြန္တဲ့ တက္သစ္စ ျပည္တြင္း ပန္းခ်ီပညာရွင္ေတြနဲ႔  ပူးေပါင္းလုပ္ေဆာင္ဖုိ႔ ရည္ရြယ္ထားၿပီး စီမံခ်က္အတြက္ ပန္းခ်ီပညာရွင္ေတြကုိ အစီရင္ခံစာ ရွင္းလငး္ပြဲ ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ  စတင္ခဲ့တဲ့ ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္ ပေရာဂ်က္ဟာ အမႈိက္ပုံေတြကုိ အပန္ေျဖ အနားယူစရာ ေနရာေတြအျဖစ္ ေျပာင္းလဲႏိုင္ေၾကာင္း ျပသႏိုင္ဖုိ႔ ရည္ရြယ္ၿပီး စတင္ခဲ့တဲ့  ပေရာဂ်က္တစ္ခုလည္း ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နောက်ဖေးလမ်းကြား ဥယျာဉ်ပရောဂျက်သစ်အတွက် လူငယ်ပန်းချီပညာရှင်တွေ ဖိတ်ခေါ်မယ်

ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတွေမှာ နံရံပန်းချီတွေ ရေးဆွဲရာမှာ အနုပညာလက်ရာတွေ အများပြည်သူထံ ပြသနိုင်မယ့် အခွင့်အရေးတစ်ရပ်အဖြစ် ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းက နောက်ဖေးလမ်းကြား ဥယျာဉ်ပရောဂျက် အသစ်အတွက် လူငယ်ပန်းချီပညာရှင်တွေ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။

ဆေးခြယ်ခြင်း၊ ရုပ်ပုံရေးဆွဲခြင်းစတဲ့ ဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့ တက်သစ်စ ပြည်တွင်း ပန်းချီပညာရှင်တွေနဲ့  ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး စီမံချက်အတွက် ပန်းချီပညာရှင်တွေကို အစီရင်ခံစာ ရှင်းလငး်ပွဲ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှာ  စတင်ခဲ့တဲ့ နောက်ဖေးလမ်းကြား ဥယျာဉ် ပရောဂျက်ဟာ အမှိုက်ပုံတွေကို အပန်ဖြေ အနားယူစရာ နေရာတွေအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသနိုင်ဖို့ ရည်ရွယ်ပြီး စတင်ခဲ့တဲ့  ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။

?bph6