ရခိုင္ျပည္နယ္မွာ စီးပြားေရး အလားအလာေကာင္းေတြ အမ်ားႀကီးရွိတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေျပာ

0
256

ရခိုင္ျပည္နယ္အတြင္းမွာ စီးပြားေရး အလားအလာေကာင္းေတြ အေျမာက္အမ်ားရွိၿပီး အထူးသျဖင့္ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ လုပ္ငန္းဟာ စီးပြားေရးအရ အင္မတန္ အလားအလာ ေကာင္းတာေၾကာင့္ လာေရာက္ ရင္းႏွီးျမွဳပ္ႏွံဖို႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ရခိုင္ျပည္နယ္၊ သံတြဲၿမဳိ႕နယ္၊ ငပလီကမ္းေျခမွာ ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၂ရက္ေန႔ မနက္က ျပဳလုပ္ခဲ့တဲ့ ရခုိင္ျပည္နယ္ ရင္းႏွီးျမွဳပ္ႏွံမႈျပပြဲ (၂၀၁၉) ဖြင့္ပြဲ အခမ္းအနားမွာ အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျပည္နယ္အတြင္း ရင္းႏွီးျမွဳပ္ႏွံတဲ့ လုပ္ငန္းရွင္ေတြအတြက္လည္း ျပည္နယ္ဖြ႔ံၿဖဳိးေရး လုပ္ငန္းေတြ အေကာင္အထည္ ေဖာ္တဲ့အခါ တင္ဒါစနစ္နဲ႔ ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္သြားမွာျဖစ္ၿပီး ျပည္သူအားလံုး သာတူညီမွ် ရရွိေစေရး လုပ္ေဆာင္ေပးမယ္လို႔လည္း ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ စီးပွားရေး အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

ရခိုင်ပြည်နယ်အတွင်းမှာ စီးပွားရေး အလားအလာကောင်းတွေ အမြောက်အများရှိပြီး အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ စီးပွားရေးအရ အင်မတန် အလားအလာ ကောင်းတာကြောင့် လာရောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့ မနက်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့်ပွဲ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့အခါ တင်ဒါစနစ်နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူအားလုံး သာတူညီမျှ ရရှိစေရေး လုပ်ဆောင်ပေးမယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

?bph6