ထိုင္းႏိုင္ငံ အယုဒၶယမွာ ျမန္မာအပါအ၀င္ ႏိုင္ငံျခားသား အလုပ္သမား ၁၈၉ ဦး ဖမ္းဆီးခံရ

0
527

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕နဲ႔ မိုင္ ၅၀ ကြာေဝးတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္ အယုဒၶယၿမိဳ႕နယ္အတြင္းမွာ တရားမဝင္ နိုင္ငံျခားသားေတြကို နယ္ေျမခံ ရဲတပ္ဖြဲ႔၊ လူဝင္မႈႀကီၾကပ္ေရးနဲ႔ အလုပ္အကိုင္ ေနရာခ်ထားေရး အလုပ္သမားအဖြဲ႔ တာဝန္ရွိသူေတြ သံုးဖြဲ႔ေပါင္းၿပီး အလုပ္သမားေတြ အမ်ားဆံုးေနထိုင္ရာ ေနရာေတြကို အဓိကထား စစ္ေဆးဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေဆာက္လုပ္ေရး လုပ္ငန္း၊ စားေသာက္ဆိုင္နဲ႔ ေစ်းဆိုင္ေတြကို ဝင္ေရာက္ရွာေဖြခဲ့ၾကၿပီး တရားမဝင္တဲ့ နိုင္ငံျခားသား အလုပ္သမားေတြကို စစ္ေဆးဖမ္းဆီးကာ ေနရာအသီးသီးက ဖမ္းဆီးလာတဲ့ ႏုိင္ငံျခားသား အလုပ္သမားေတြကို အယုဒၶယၿမိဳ႕ ရဲတပ္ဖြဲ႔ဝင္းထဲမွာ ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။

တရားမဝင္ လာေရာက္လုပ္ကုိင္ေနသူေတြကုိ ျပန္လည္စစ္ေဆးၿပီး ထုိင္းတည္ဆဲ ဥပေဒနဲ႔အညီ အေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ အခုဖမ္းဆီးလိုက္တဲ့ ႏိုင္ငံျခားသား အလုပ္သမား ၁၈၉ ဦးဟာ ျမန္မာ၊ လာအိုနဲ႔ ကေမာၻဒီယားက လာေရာက္လုပ္ကိုင္ေနသူေတြလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံ အယုဒ္ဓယမှာ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၁၈၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ မိုင် ၅၀ ကွာဝေးတဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယမြို့နယ်အတွင်းမှာ တရားမဝင် နိုင်ငံခြားသားတွေကို နယ်မြေခံ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီကြပ်ရေးနဲ့ အလုပ်အကိုင် နေရာချထားရေး အလုပ်သမားအဖွဲ့ တာဝန်ရှိသူတွေ သုံးဖွဲ့ပေါင်းပြီး အလုပ်သမားတွေ အများဆုံးနေထိုင်ရာ နေရာတွေကို အဓိကထား စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်း၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး တရားမဝင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးကာ နေရာအသီးသီးက ဖမ်းဆီးလာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အယုဒ္ဓယမြို့ ရဲတပ်ဖွဲ့ဝင်းထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

တရားမဝင် လာရောက်လုပ်ကိုင်နေသူတွေကို ပြန်လည်စစ်ဆေးပြီး ထိုင်းတည်ဆဲ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသား အလုပ်သမား ၁၈၉ ဦးဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားက လာရောက်လုပ်ကိုင်နေသူတွေလည်း ဖြစ်ပါတယ်။