လမ်းပြ “Application” မိတ်ဆက်ပွဲပြုလုပ်
0
611
ဥပဒေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ ရှာဖွေလို့ရမယ့် လမး်ပြ “Application” ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။
ပြည်သူတွေအတွက် ဥပဒေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေလို့ရမယ့် “လမ်းပြ” တရားမျှတမှု လက်ကမ်းမှီရေး မိုဘိုင်း အပလီကေးရှင်း ကို နိုဝင်ဘာလ ၂၈ရက်နေ့က ရန်ကုန်မြို့ Park Royal Hotelမှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။
Soundbite – ဒေါက်တာတက်နေထွန်း (Legal Advisor – National ) My Justice
ဒီအပလီကေးရှင်းမှာ ဥပဒေရဲ့ အခြေခံအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူတွေပိုမိုသိရှိလာစေဖို့ နဲ့ ဥပဒေနဲ့ပတ်သက်ပြီး အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို ကူညီပေးနိုင် မှာဖြစ်ပါတယ်။
Soundbite – ဒေါက်တာတက်နေထွန်း (Legal Advisor – National ) My Justice
Application တရားရုံးတွေ ၊ ဥပဒေရုံးတွေ ၊ ရဲစခန်းတွေကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ ပါဝင်ပြီး ဥပဒေပညာရှင်တွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ရှာဖွေနိုင်မယ့်လမ်းညွှန်တွေအပြင် မြန်မာနိုင်ငံ ရဲ့ တရားရေး ကဏ္ဍနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်ခင်ဗျား။