ဂ်ပန္ေရာက္ ျမန္မာမိသားစုအေၾကာင္း ႐ုပ္ရွင္ ဆုေတြ ရရွိ

0
143

ဂ်ပန္ႏိုင္ငံမွာ ႐ုန္းကန္ေနရတဲ့ ျမန္မာမိသားစုအေၾကာင္း ႐ိုက္ကူးထားတဲ့ ဂ်ပန္ ဒါ႐ိုက္တာ အာကီယို ဖူဂ်ီမိုတိုရဲ႕ “Passage of Life” ႐ုပ္ရွင္ဇာတ္ကားကို မႏွစ္က တိုက်ိဳ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ စတင္မိတ္ဆက္ျပသခဲ့ၿပီးေနာက္ ကမာၻတဝန္း ႐ုပ္ရွင္ပြဲေတာ္ တစ္ဒါဇင္ေက်ာ္မွာ ဆက္လက္ျပသခဲ့ရၿပီး ဆုေတြလည္း ရရွိေနပါတယ္။

မႏွစ္က တိုက်ိဳ ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ ဆုႏွစ္ဆု ရရွိခဲ့တဲ့ အဲဒီဇာတ္ကားဟာ ျမန္မာ ေရႊ႕ေျပာင္းအေျခခ်သူ မိသားစုတစ္စုရဲ႕ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို အနီးကပ္ ျမင္ေတြ႔ရတဲ့ ပထမဆံုး ဂ်ပန္႐ုပ္ရွင္ျဖစ္တယ္လို႔ ဂ်ပန္ တိုင္းမ္သတင္းစာက ေဖာ္ျပပါတယ္။

ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ အေျခခံ႐ိုက္ကူးထားတာ ျဖစ္ၿပီး နာမည္ေတြကိုလည္း အစစ္အမွန္အတိုင္း သံုးထားတာ ျဖစ္ပါတယ္။ ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳခံရဖို႔ မေရမရာျဖစ္ေနတဲ့ ဖခင္ျဖစ္သူနဲ႔ မိသားစုဝင္ တစ္ဦးခ်င္းစီရဲ႕ စိတ္႐ႈပ္ေထြးမႈ၊ ေမွ်ာ္လင့္ခ်က္ေတြကို ပံုေဖာ္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဂ်ပန္အစိုးရက မႏွစ္က ၂၀၁၇ ခုႏွစ္မွာ ဒုကၡသည္ ေလွ်ာက္ထားသူ ၁ ေသာင္း ၉ ေထာင္ေက်ာ္အနက္ ၂၀ ဦးကိုသာ အသိအမွတ္ျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်ရောက် မြန်မာမိသားစုအကြောင်း ရုပ်ရှင် ဆုတွေ ရရှိ

ဂျပန်နိုင်ငံမှာ ရုန်းကန်နေရတဲ့ မြန်မာမိသားစုအကြောင်း ရိုက်ကူးထားတဲ့ ဂျပန် ဒါရိုက်တာ အာကီယို ဖူဂျီမိုတိုရဲ့ “Passage of Life” ရုပ်ရှင်ဇာတ်ကားကို မနှစ်က တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်မိတ်ဆက်ပြသခဲ့ပြီးနောက် ကမ္ဘာတဝန်း ရုပ်ရှင်ပွဲတော် တစ်ဒါဇင်ကျော်မှာ ဆက်လက်ပြသခဲ့ရပြီး ဆုတွေလည်း ရရှိနေပါတယ်။

မနှစ်က တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆု ရရှိခဲ့တဲ့ အဲဒီဇာတ်ကားဟာ မြန်မာ ရွှေ့ပြောင်းအခြေချသူ မိသားစုတစ်စုရဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အနီးကပ် မြင်တွေ့ရတဲ့ ပထမဆုံး ဂျပန်ရုပ်ရှင်ဖြစ်တယ်လို့ ဂျပန် တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။

ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး နာမည်တွေကိုလည်း အစစ်အမှန်အတိုင်း သုံးထားတာ ဖြစ်ပါတယ်။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ မရေမရာဖြစ်နေတဲ့ ဖခင်ဖြစ်သူနဲ့ မိသားစုဝင် တစ်ဦးချင်းစီရဲ့ စိတ်ရှုပ်ထွေးမှု၊ မျှော်လင့်ချက်တွေကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျပန်အစိုးရက မနှစ်က ၂၀၁၇ ခုနှစ်မှာ ဒုက္ခသည် လျှောက်ထားသူ ၁ သောင်း ၉ ထောင်ကျော်အနက် ၂၀ ဦးကိုသာ အသိအမှတ်ပြုခဲ့ပါတယ်။

?bph6