
0
240




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သရုပ်ဆောင် မင်းသွေး ကွယ်လွန်

သရုပ်ဆောင် နေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင် မင်းသွေး (၃၃ နှစ်) ဟာ အောက်တိုဘာ ၃ ရက်နေ့က ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။

ဘောလုံးကန်ရင်း အမောဖောက်လဲကျခဲ့လို့ ပါရမီဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်မမီတော့ဘဲ ကွယ်လွန်ခဲ့လို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေးဟာ သတ်ကွင်း ရုပ်ရှင်ဇာတ်ကားနဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သတ်ကွင်းဇာတ်ကားကတော့ မကြာမီ ရုံတင်မှာ ဖြစ်ပါတယ်။

?bph6