မေလးရွားမွာ ရဲကို ဝတၱရားေႏွာက္ယွက္မႈနဲ႔ ျမန္မာ ၄ ဦး အဖမ္းခံရ

0
171

မေလးရွားႏိုင္ငံ၊ ကရာမတ္ ပူလိုင္အနီး စက္မႈဇုန္မွာ ရဲေတြက တရားဥပေဒ စိုးမိုးေရး ကင္းလွည့္စဥ္ ဝတၱရားေႏွာက္ယွက္မႈနဲ႔ ျမန္မာႏိုင္ငံသား ၄ ဦးအပါအဝင္ အမ်ိဳးသား ၅ ဦး ဒီေန႔ စက္တင္ဘာ ၄ ရက္ေန႔ မနက္မွာ အဖမ္းခံခဲ့ရပါတယ္။

ဂ်လန္ ပင္ကလန္ ပီဂိုမွာ ဒီေန႔ မနက္ ၅ နာရီခြဲက ရဲကင္းအဖြဲ႔ဟာ မစ္ဆူဘီရွီ ကားတစ္စီးကို စစ္ေဆးဖို႔ ႀကိဳးပမ္းစဥ္ ကားက ေမာင္းေျပးၿပီး လမ္းမွာရွိတဲ့ ကားအမ်ားအျပားကိုလည္း ဝင္တိုက္ခဲ့တယ္လို႔ အီပို ဒုတိယ ရဲအႀကီးအကဲ အဗၺဒူ ရာနီ အလီက ေျပာတယ္လို႔ ဘာနားမား သတင္းမွာ ေဖာ္ျပထားပါတယ္။

ေမာင္းေျပးတဲ့ကားဟာ လမ္းမွာရွိတဲ့ ကားေတြကို ဝင္တိုက္ၿပီးေနာက္ လမ္းေထာင့္မွာ ရွိေနတဲ့ ရဲေနာက္ထပ္ တစ္ဖြဲ႔နဲ႔ေတြ႔ၿပီး အဖမ္းခံရတာ ျဖစ္ပါတယ္။ အဲဒီ ေနာက္ထပ္ ရဲတစ္ဖြဲ႔က ေမာင္းေျပးတဲ့ ကားရဲ႕ တာယာေတြကို ေသနတ္နဲ႔ ၂ ခ်က္ ပစ္ေဖာက္ခဲ့ၿပီး ကားေပၚပါလာသူေတြက ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဖမ္းခံခဲ့ရပါတယ္။ တရားခံေတြရဲ႕ အမည္ကိုေတာ့ သတင္းမွာ ေဖာ္ျပမထားပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>
မလေးရှားမှာ ရဲကို ဝတ္တရားနှောက်ယှက်မှုနဲ့ မြန်မာ ၄ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကရာမတ် ပူလိုင်အနီး စက်မှုဇုန်မှာ ရဲတွေက တရားဥပဒေ စိုးမိုးရေး ကင်းလှည့်စဉ် ဝတ္တရားနှောက်ယှက်မှုနဲ့ မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် အမျိုးသား ၅ ဦး ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့ မနက်မှာ အဖမ်းခံခဲ့ရပါတယ်။

ဂျလန် ပင်ကလန် ပီဂိုမှာ ဒီနေ့ မနက် ၅ နာရီခွဲက ရဲကင်းအဖွဲ့ဟာ မစ်ဆူဘီရှီ ကားတစ်စီးကို စစ်ဆေးဖို့ ကြိုးပမ်းစဉ် ကားက မောင်းပြေးပြီး လမ်းမှာရှိတဲ့ ကားအများအပြားကိုလည်း ဝင်တိုက်ခဲ့တယ်လို့ အီပို ဒုတိယ ရဲအကြီးအကဲ အဗ္ဗဒူ ရာနီ အလီက ပြောတယ်လို့ ဘာနားမား သတင်းမှာ ဖော်ပြထားပါတယ်။

မောင်းပြေးတဲ့ကားဟာ လမ်းမှာရှိတဲ့ ကားတွေကို ဝင်တိုက်ပြီးနောက် လမ်းထောင့်မှာ ရှိနေတဲ့ ရဲနောက်ထပ် တစ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရတာ ဖြစ်ပါတယ်။ အဲဒီ နောက်ထပ် ရဲတစ်ဖွဲ့က မောင်းပြေးတဲ့ ကားရဲ့ တာယာတွေကို သေနတ်နဲ့ ၂ ချက် ပစ်ဖောက်ခဲ့ပြီး ကားပေါ်ပါလာသူတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဖမ်းခံခဲ့ရပါတယ်။ တရားခံတွေရဲ့ အမည်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။