
0
219




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ တက်မယ်

သြဂုတ် ၁၀ ရက်ကနေ ၁၆ ရက်အတွင်း ရန်ကုန်မြစ်မှာ ထူးကဲဒီရေ တက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီရေတက်ချိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန် တိုက်ဆိုင်ပါက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြည်သူတွေကို ကြိုတင် အသိပေးထားပါတယ်။

ရန်ကုန်မြို့ရဲ့ ရေစွန့်ထုတ်မှုစနစ်ဟာ ဒီရေအတက်အကျရှိတဲ့ ရန်ကုန်မြစ်ကို အခြေခံထားတဲ့အတွက် ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်တဲ့ အချိန်တွေမှာ အနိမ့်ပိုင်းနေရာတွေကို ဒီရေ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။