လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာ ကိုရီးယားက မြန်မာကို ၄ ဂိုး ၃ ဂိုးနဲ့ နိုင်

0
266

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ပွဲစဉ်ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ စတင်ကျင်းပခဲ့ရာ တောင်ကိုရီးယား ယူ-၁၉ အသင်းက မြန်မာ ယူ-၂၃ အသင်းကို ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

တောင်ကိုရီးယား ယူ-၁၉ အသင်းက ၅ မိနစ်မှာ ချိုဟီဝမ်၊ ၂၁ မိနစ်နဲ့ ၅၇ မိနစ်မှာ ကင်ဆီယွန်၊ ၃၁ မိနစ်မှာ ချွိုင်ဂျွန်တို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။ ၇၄ မိနစ်မှာ မြန်မာ ယူ-၂၃ အသင်း ချေပဂိုးစရခဲ့ပြီး ဒွေးကိုကိုချစ်က သွင်းယူခဲ့ပါတယ်။ နောက်ထပ် ၈၅ မိနစ်မှာ မြတ်ကောင်းခန့်၊ မိနစ် ၉ဝ မှာ ရန်နိုင်ဦးတို့က သွင်းယူခဲ့ပါတယ်။

ညနေ ၃ နာရီက ယှဉ်ပြိုင်ကစားတဲ့ ပထမပွဲမှာ ဘာရိန်းအသင်းက ထိုင်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယနေ့ကို သြဂုတ် ၃ ရက်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းနဲ့ ထိုင်း ယူ-၂၃ အသင်း၊ မြန်မာ ယူ-၂၃ အသင်းနဲ့ ဘာရိန်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>



