
0
297



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘီးလင်းမြစ်ရေ မြင့်တက်လို့ အဝေးပြေးယာဉ် သွားလာမှု ယာယီ ပိတ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်ပြီး ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ကာ ကားလမ်းမအထက် ရေ ၄ ပေ ခန့် မြင့်တက်လာမှုကြောင့် မနေ့က ဇူလိုင် ၂၇ ရက် မနက်ပိုင်းကစပြီး အဝေးပြေးယာဉ်တွေ သွားလာမှု ယာယီ ပိတ်ထားခဲ့ရပါတယ်။

ရန်ကုန်ကနေ မော်လမြိုင်ကို သွားတဲ့ ယာဉ်ကြီးယာဉ်ငယ် ၁၅၀ စီးနဲ့ မော်လမြိုင်ကနေ ရန်ကုန်ကို သွားတဲ့ ယာဉ်ကြီးယာဉ်ငယ် အစီး ၁၀ဝ တို့ကို သွားလာမှု ယာယီပိတ်ထားပြီး ယာဉ်ပေါ်ပါ ခရီးသည်တွေကို မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ကူညီစောင့်ရှောက်ပေးခဲ့ကြပါတယ်။