ေမာင္ေတာမွာ နယ္စပ္ၿခံစည္း႐ိုး ေက်ာ္တက္သူ ႏွစ္ဦးကို ဖမ္းဆီး

0
292

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေပါင္းဇားေခ်ာင္းဝ ကင္းစခန္း အနီး ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုးကို ဇူလိုင္လ ၁၆ ရက္ေန႔က ေက်ာ္တက္လာသူ ႏွစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ေပါင္းဇားေက်းရြာေန ဒီလူး (ခ) ဒီလ္မာမတ္ (၅၅ ႏွစ္) နဲ႔ မာမြတ္ဖာဒူ (ခ) မာမတ္ဖာ႐ုလ္ (၃၅ ႏွစ္) တို႔က နတ္ျမတ္ကို ျဖတ္ကူးၿပီး နယ္စပ္ၿခံစည္း႐ိုးကို ေက်ာ္တက္ဝင္ေရာက္တဲ့အတြက္ လံုၿခံဳေရးတပ္ဖြဲ႔က သတိေပးဟန္႔တားရာမွာ ရပ္တန္႔ျခင္း မရွိခဲ့ပါဘူး။

လံုၿခံဳေရးတပ္ဖြဲ႔က ေသနတ္နဲ႔ တစ္ခ်က္ သတိေပး ပစ္ခတ္ခဲ့ရာမွာ ဒီလူးကို က်ည္ဆန္ထိမွန္ၿပီး ဒဏ္ရာ (မစိုးရိမ္ရ) ရရွိတဲ့အတြက္ ေမာင္ေတာ ျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ မာမြတ္ဖာဒူကို ျပင္ျဖဴနယ္ေျမရဲစခန္းမွာ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ နယ်စပ်ခြံစည်းရိုး ကျော်တက်သူ နှစ်ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝ ကင်းစခန်း အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ဇူလိုင်လ ၁၆ ရက်နေ့က ကျော်တက်လာသူ နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ပေါင်းဇားကျေးရွာနေ ဒီလူး (ခ) ဒီလ်မာမတ် (၅၅ နှစ်) နဲ့ မာမွတ်ဖာဒူ (ခ) မာမတ်ဖာရုလ် (၃၅ နှစ်) တို့က နတ်မြတ်ကို ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးကို ကျော်တက်ဝင်ရောက်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က သတိပေးဟန့်တားရာမှာ ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။

လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ တစ်ချက် သတိပေး ပစ်ခတ်ခဲ့ရာမှာ ဒီလူးကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိတဲ့အတွက် မောင်တော ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ မာမွတ်ဖာဒူကို ပြင်ဖြူနယ်မြေရဲစခန်းမှာ စစ်ဆေးနေပါတယ်။

?bph6