
0
237




>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ ဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆူရာကီရတ် ဆာသီယာထိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

နေပြည်တော်မှာ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်ဆိုင်ရာ လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ အခြေအနေများ၊ အကြံပေးအဖွဲ့က အကြံပြု တင်ပြထားတဲ့ အကြံပြုချက်တွေ အနက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေကို ပြောကြားခဲ့ပါတယ်။

အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆူရာကီရတ် ဆာသီယာထိုင်းဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း ဇူလိုင် ၁၆ ရက် နေပြည်တော်မှာ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

?bph6