အလုပ္ရွင္၊အလုပ္သမားျပသာနာေတြ ေျဖရွင္းဖို႔ အလုပ္သမားတရားရုံးေတြဖြင့္ဖို႔ရွိ (႐ုပ္/သံ)

0
435

အလုပ္ရွင္၊အလုပ္သမားျပသာနာေတြကုိ ေျဖရွင္းနုိင္ေရးအလုပ္သမားတရားရုံးေတြတည္ေထာင္နုိ္င္ဖို႔ အလုပ္ရွင္ အလုပ္သမားအပါအ၀င္ အလုပ္သမား၀န္ႀကီးဌာနက ေဆြးေႏြးေနပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ေကသြယ္ကေပးပို႔ထားပါတယ္ ။

ၿပီးခဲ့တဲ့ လပိုင္းအတြင္းကအလုပ္သမားဥပေဒ အခ်ိဳ႕ျပင္ဆင္ထားတာေၾကာင့္ တစ္ဦးခ်င္း အျငင္းပြား မႈျပသာနာေတြကုိ ခုံသမာဓိ အဖြဲ႕ေတြက လက္ခံစစ္ေဆးေပးျခင္းမရွိေတာ့တာျဖစ္ပါတယ္ ။ အဲ႔ဒီအတြက္ အလုပ္သမားေတြ အေနနဲ႔တစ္ဦးခ်င္း အျငင္းပြားျပသာနာကိုေျဖရွင္းေဆာင္ရြက္နုိင္ဖို႔ အခက္အခဲေတြ ရွိေနတာျဖစ္ျပီး အလုပ္သမားေရးရာျပႆနာေတြ ေျဖရွင္းဖို႔ ဇြန္လ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ အင္းယားလိတ္ဟုိ တယ္မွာ ျမန္မာနုိင္ငံ စက္မႈလက္မႈ ႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ကေဆြးေႏြး ပြဲျပဳလုပ္ခဲ့တာပါ။

Soundbite – ဦးေနာ္ေအာင္ (ဒုတိယဥကၠ႒)ျမန္မာနုိင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစုံအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

လက္ရွိမွာ အလုပ္သမား ျပသာနာေတြကို ေျဖရွင္းေဆာင္ရြက္နုိင္ဖို႔ တျခားနုိင္ငံေတြနည္းတူ ျမန္မာနုိင္ငံမွာ လည္း အလုပ္သမား တရားရုံးေတြတည္ေထာင္ဖို႔အစုိးရ၊အလုပ္ရွင္၊ အလုပ္သမားအပါအ၀င္သက္ဆုိင္ရာ လႊတ္ေတ္ာကုိယ္စား လွယ္ေတြလည္းပါ၀င္ေဆြးေႏြးေနပါတယ္ ။

၂၀၁၂ခုႏွစ္ အလုပ္သမားေရးရာအျငင္းပြားမႈ ေျဖရွင္းေရးဥပေဒအရ ပုဒ္မ -၅၃ အရ ၀န္ႀကီးဌာနအေနနဲ႔ အလုပ္သမားေရးရာအျငင္းပြားမႈေတြကုိ စစ္ေဆးစီရင္နုိင္ဖို႔ အလုပ္သမားတရားရုံးေတြကုိ ဖြဲ႕စည္းတည္ ေထာင္ ႏုိင္ေရးအတြက္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ နဲ႔ညိွႏိႈင္းေဆာင္ရြက္နုိင္ဖို႔ ပါရွိေနတာပါ။

Soundbite – ဦးေက်ာ္ေထြး ( အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္) ျပည္တြင္းျပည္ပအလုပ္သမားေရးရာဆုိင္ရာေကာ္မတီဥကၠ႒

တရားရံုးတည္ေထာင္ခြင့္ကုိ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ တြင္သာ လုပ္ပိုင္ခြင့္ရွိၿပီး အလုပ္သမား လူဝင္မႈၾကီးၾကပ္ၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ၾကီးဌာန တစ္ခု ထဲျဖင့္လုပ္ပိုင္ခြင့္မရွိပဲ အျခားသက္ဆိုင္ရာ ဌာနမ်ားမွ ေပါင္းစပ္လုပ္ကိုင္ရဖို႔လိုအပ္ေနတာ ျဖစ္ပါတယ္ရွင္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်ရှင်၊အလုပ်သမားပြသာနာတွေကို ဖြေရှင်းနိုင်ရေးအလုပ်သမားတရားရုံးတွေတည်ထောင်နိ်ုင်ဖို့ အလုပ်ရှင် အလုပ်သမားအပါအဝင် အလုပ်သမားဝန်ကြီးဌာနက ဆွေးနွေးနေပါတယ်။ဒီသတင်းကို MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ် ။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကအလုပ်သမားဥပဒေ အချို့ပြင်ဆင်ထားတာကြောင့် တစ်ဦးချင်း အငြင်းပွား မှုပြသာနာတွေကို ခုံသမာဓိ အဖွဲ့တွေက လက်ခံစစ်ဆေးပေးခြင်းမရှိတော့တာဖြစ်ပါတယ် ။ အဲ့ဒီအတွက် အလုပ်သမားတွေ အနေနဲ့တစ်ဦးချင်း အငြင်းပွားပြသာနာကိုဖြေရှင်းဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတာဖြစ်ပြီး အလုပ်သမားရေးရာပြဿနာတွေ ဖြေရှင်းဖို့ ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ အင်းယားလိတ်ဟို တယ်မှာ မြန်မာနိုင်ငံ စက်မှုလက်မှု နှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကဆွေးနွေး ပွဲပြုလုပ်ခဲ့တာပါ။

Soundbite – ဦးနော်အောင် (ဒုတိယဥက္ကဋ္ဌ)မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

လက်ရှိမှာ အလုပ်သမား ပြသာနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ လည်း အလုပ်သမား တရားရုံးတွေတည်ထောင်ဖို့အစိုးရ၊အလုပ်ရှင်၊ အလုပ်သမားအပါအဝင်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေလည်းပါဝင်ဆွေးနွေးနေပါတယ် ။

၂၀၁၂ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ ပုဒ်မ -၅၃ အရ ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားရေးရာအငြင်းပွားမှုတွေကို စစ်ဆေးစီရင်နိုင်ဖို့ အလုပ်သမားတရားရုံးတွေကို ဖွဲ့စည်းတည် ထောင် နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် နဲ့ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ပါရှိနေတာပါ။

Soundbite – ဦးကျော်ထွေး ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ပြည်တွင်းပြည်ပအလုပ်သမားရေးရာဆိုင်ရာကော်မတီဥက္ကဋ္ဌ

တရားရုံးတည်ထောင်ခွင့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင်သာ လုပ်ပိုင်ခွင့်ရှိပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခု ထဲဖြင့်လုပ်ပိုင်ခွင့်မရှိပဲ အခြားသက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ်လုပ်ကိုင်ရဖို့လိုအပ်နေတာ ဖြစ်ပါတယ်ရှင် ။