ေနရပ္ျပန္ေရး ျဖည့္စြက္ရမယ့္ ပံုစံေတြ ဒုကၡသည္ေတြဆီ ဘဂၤလားေဒ့ရွ္ မျဖန္႔ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
495

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ရွိထားတဲ့ နားလည္မႈ စာခြ်န္လႊာနဲ႔အညီ ပံုစံေတြ ျဖည့္စြက္ေပးရမွာ ျဖစ္ေပမယ့္ ဒီပံုစံေတြကို ဘဂၤလားေဒ့ရွ္ ဘက္က ဒုကၡသည္ေတြဆီ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖန္႔ေဝေပးခဲ့ျခင္း မရွိဘူးလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ရခိုင္ျပည္နယ္ကို ေဘးကင္းလုံၿခံဳစြာနဲ႔ တရားဥပေဒနဲ႔အညီ ျပန္လာႏိုင္ေၾကာင္း ဒုကၡသည္ေတြ မသိၾကရင္ ကြၽန္မတို႔အေနနဲ႔ ဒုကၡသည္ ဌာေနျပန္ေရး လုပ္ငန္းစဥ္ အလ်င္အျမန္ တိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္မွာ မဟုတ္ပါဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က NHK သတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်ပြန်ရေး ဖြည့်စွက်ရမယ့် ပုံစံတွေ ဒုက္ခသည်တွေဆီ ဘင်္ဂလားဒေ့ရှ် မဖြန့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရှိထားတဲ့ နားလည်မှု စာချွန်လွှာနဲ့အညီ ပုံစံတွေ ဖြည့်စွက်ပေးရမှာ ဖြစ်ပေမယ့် ဒီပုံစံတွေကို ဘင်္ဂလားဒေ့ရှ် ဘက်က ဒုက္ခသည်တွေဆီ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်း မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့ တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေ မသိကြရင် ကျွန်မတို့အနေနဲ့ ဒုက္ခသည် ဌာနေပြန်ရေး လုပ်ငန်းစဉ် အလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။