အင္းဒင္ လူသတ္မႈအတြက္ အရာရွိနဲ႔ စစ္သည္ ၇ ဦးကို ေထာင္ ၁၀

0
309

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာ အုပ္စု၊ ပဲ႐ံု ေက်းရြာ သုႆန္အနီး ဖမ္းဆီးရမိတဲ့ ဘဂၤါလီ ၁၀ ဦး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး အရာရွိနဲ႔ စစ္သည္ ၇ ဦးကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ပါတယ္။

ဘဂၤါလီ အၾကမ္းဖက္ ၁၀ ဦးအေပၚ ဥပေဒနဲ႔ အညီ ဖမ္းဆီးခ်ဳပ္ေႏွာင္ တရားစြဲဆိုၿပီး ျပစ္ဒဏ္ခ်မွတ္မႈ လုပ္ငန္းစဥ္အတိုင္း ေဆာင္ရြက္ျခင္းမရွိဘဲ ဥပေဒမဲ့ သတ္ျဖတ္ခဲ့ျခင္းအေပၚ ျပစ္မႈက်ဴးလြန္သူ အရာရွိ ၄ ဦးကို ႐ႈတ္ခ်၍ အၿမဲတမ္း ထုတ္ပစ္ေစရန္၊ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္အား နယ္ဘက္ အက်ဥ္းေထာင္မွာ က်ခံေစရန္၊ အျခားအဆင့္ စစ္သည္ ၃ ဦးကို တပ္သားအဆင့္ ေလ်ာ့ခ်ၿပီး အၿမဲတမ္း ထုတ္ပစ္ရန္၊ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္အား နယ္ဘက္အက်ဥ္းေထာင္တြင္ က်ခံေစရန္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

ဒီအမႈနဲ႔ ပတ္သက္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း) က ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအးဝင္း ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရး အဖြဲ႔က စစ္ေဆးခဲ့တာ ျဖစ္ၿပီး ျပစ္မႈ က်ဴးလြန္ခဲ့သူေတြ အနက္ ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ အရပ္သားေတြကို အေရးယူဆဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းဒင် လူသတ်မှုအတွက် အရာရှိနဲ့ စစ်သည် ၇ ဦးကို ထောင် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ အုပ်စု၊ ပဲရုံ ကျေးရွာ သုဿန်အနီး ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အရာရှိနဲ့ စစ်သည် ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂါလီ အကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနဲ့ အညီ ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်မှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြစ်မှုကျူးလွန်သူ အရာရှိ ၄ ဦးကို ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်စေရန်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက် အကျဉ်းထောင်မှာ ကျခံစေရန်၊ အခြားအဆင့် စစ်သည် ၃ ဦးကို တပ်သားအဆင့် လျော့ချပြီး အမြဲတမ်း ထုတ်ပစ်ရန်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့တာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်ခဲ့သူတွေ အနက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို အရေးယူဆဲ ဖြစ်ပါတယ်။