သံျဖဴဇရပ္ ယာဥ္တိုက္မႈ ၃ ဦးေသ၊ ၁၂ ဦး ဒဏ္ရာရ

0
894

မြန္ျပည္နယ္၊ ေရး-သံျဖဴဇရပ္ ကားလမ္းမွာ ေမာ္ေတာ္ယာဥ္နဲ႔ ေထာ္လာဂ်ီ မ်က္ႏွာခ်င္းဆိုင္ တိုက္မိလို႔ ၃ ဦး ေသဆံုးၿပီး ၁၂ ဦး ဒဏ္ရာ ရရွိပါတယ္။

မေန႔က မတ္လ ၁၅ ရက္မွာ ဦဟဒိ (၅၀ ႏွစ္) ေမာင္းႏွင္လာတဲ့ နစ္ဆန္ ပစ္ကပ္ယာဥ္ဟာ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ ယာဥ္ေၾကာကို ေရာက္ရွိလာၿပီး မ်က္ႏွာခ်င္းဆိုင္က ဦးသိန္းဝင္း (ခ) အဘိုင္ (၅၄ ႏွစ္) ေမာင္းလာတဲ့ ေထာ္လာဂ်ီနဲ႔ တိုက္မိ တိမ္းေမွာက္ခဲ့ပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ နစ္ဆန္ ပစ္ကပ္ကားေပၚပါ ဦးဟဒိ အပါအဝင္ အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၁ ဦး ေသဆံုးခဲ့ပါတယ္။ ပစ္ကပ္ကားေပၚနဲ႔ ေထာ္လာဂ်ီေပၚပါ အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၇ ဦး၊ စုစုေပါင္း ၁၂ ဦး ဒဏ္ရာရရွိခဲ့လို႔ သံျဖဴဇရပ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သံဖြူဇရပ် ယာဉ်တိုက်မှု ၃ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းမှာ မော်တော်ယာဉ်နဲ့ ထော်လာဂျီ မျက်နှာချင်းဆိုင် တိုက်မိလို့ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိပါတယ်။

မနေ့က မတ်လ ၁၅ ရက်မှာ ဦဟဒိ (၅၀ နှစ်) မောင်းနှင်လာတဲ့ နစ်ဆန် ပစ်ကပ်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောကို ရောက်ရှိလာပြီး မျက်နှာချင်းဆိုင်က ဦးသိန်းဝင်း (ခ) အဘိုင် (၅၄ နှစ်) မောင်းလာတဲ့ ထော်လာဂျီနဲ့ တိုက်မိ တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် နစ်ဆန် ပစ်ကပ်ကားပေါ်ပါ ဦးဟဒိ အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ပစ်ကပ်ကားပေါ်နဲ့ ထော်လာဂျီပေါ်ပါ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၂ ဦး ဒဏ်ရာရရှိခဲ့လို့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။