FDA က၀န္ထမ္း အမ်ိဳးသမီးကို သတ္တဲ့သူဖမ္းမိ

0
2998

FDA က၀န္ထမ္း အမ်ိဳးသမီးကိုသက္တဲ႔သူကို ဒီကေန႔ ဇန္န၀ါရီလ ၂၄ ရက္ေန႔မွာဖမ္းဆီးရမိခဲ႔ပါတယ္ ။


ျပစ္မႈက်ဴးလြန္သူ မ်ိဳးေဇာ္ဦးဟာ ယဥ္ေမာင္းတစ္ဦးျဖစ္ျပီး ေသဆံုးသူရဲ႕ဆမ္ေဆာင္းလက္ကိုင္ဖုန္း နဲ႔အတူ ဖမ္းဆီးရမိခဲ႔တာျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာန ကထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္ ။

တရားခံလိုယူဆရသူကို ရန္ကုန္ျမိဳ႔ မဂၤလာေစ်းမွာ မဂၤလာေတာင္ညႊန္ရဲတပ္ဖြဲ႕က နယ္ထိန္းအရာရွိ ရဲအုပ္ သန္းဝင္းအဖြဲ႕က ဒီကေန႔ ၃နာရီအခ်ိန္မွာဖမ္းဆီးလိုက္တာပါ ။

ျပစ္မွု က်ဴးလြန္သူ မ်ိဳးေဇာ္ဦး ၂၇ႏွစ္၊ ဟာ ပတၱျမားလမ္း ၊ (၃၃) ရပ္ကြက္၊ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္မွာေနထိုင္သူျဖစ္ပါတယ္ ။
တရားခံအေနနဲ႔ျပစ္မႈကိုဘာေၾကာင့္က်ဴးလြန္တယ္ဆိုတာကေတာ႔ျပည္ထဲေရး၀န္ၾကီးဌာနကထုတ္ျပန္ေၾကညာထားျခင္းမရွိေသးပါဘူး ။

မေရႊရည္ဟာ ဇန္န၀ါရီလ ၂၁ ရက္ေန႔က ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ (၃၃) တိုးခ်ဲ႕ရပ္ကြက္၊ ငမိုးရိပ္ေခ်ာင္းကူး တံတားေဘး က ကုလားမန္က်ည္းပင္ေအာက္မွာ ဝဲပါး၊ လည္ပင္းဖူးေရာင္ညိဳမဲ၊ လည္ပင္းေရွ႕ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ မိန္းမအဂၤါေသြးထြက္ ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ႔တာျဖစ္ပါတယ္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
FDA ကဝန်ထမ်း အမျိုးသမီးကို သတ်တဲ့သူဖမ်းမိ
FDA ကဝန်ထမ်း အမျိုးသမီးကိုသက်တဲ့သူကို ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာဖမ်းဆီးရမိခဲ့ပါတယ် ။
ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦးဟာ ယဉ်မောင်းတစ်ဦးဖြစ်ပြီး သေဆုံးသူရဲ့ဆမ်ဆောင်းလက်ကိုင်ဖုန်း နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ် ။
တရားခံလိုယူဆရသူကို ရန်ကုန်မြို့ မင်္ဂလာဈေးမှာ မင်္ဂလာတောင်ညွှန်ရဲတပ်ဖွဲ့က နယ်ထိန်းအရာရှိ ရဲအုပ် သန်းဝင်းအဖွဲ့က ဒီကနေ့ ၃နာရီအချိန်မှာဖမ်းဆီးလိုက်တာပါ ။
ပြစ်မှု ကျူးလွန်သူ မျိုးဇော်ဦး ၂၇နှစ်၊ ဟာ ပတ္တမြားလမ်း ၊ (၃၃) ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှာနေထိုင်သူဖြစ်ပါတယ် ။
တရားခံအနေနဲ့ပြစ်မှုကိုဘာကြောင့်ကျူးလွန်တယ်ဆိုတာကတော့ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး ။
မရွှေရည်ဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး တံတားဘေး က ကုလားမန်ကျည်းပင်အောက်မှာ ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ် ။