ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရး အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္

0
2026

ျမန္မာႏိုင္ငံရဲ႕ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းေရးနဲ႔ ပညာေပးေရးလုပ္ငန္းေတြကို အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး လုပ္ေဆာင္သြားမယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး သူရဦးေအာင္ကိုက ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ သာသနာေရး ဦးစီးဌာနရံုးမွာ ျမန္မာႏိုင္ငံေရွးေဟာင္းသုေတသနပညာအသင္း ျဖစ္ေျမာက္ေရးေကာ္မတီ၀င္ ေတြနဲ႔ ေတြ႔ဆံုစဥ္ ၀န္ႀကီးက ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ ပထမအဆင့္အေနနဲ႔ ပုဂံေဒသကို ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္ေအာင္ “ပုဂံေဒသေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ထိန္းသိမ္းေရး ပညာေပး လႈပ္ရွားမႈ” ကို ပူးေပါင္း ေဆာင္ရြက္သြားဖို႔ရွိေနတာပါ။

ဒါ့အျပင္ ရခိုင္ျပည္နယ္ ေျမာက္ဦးေဒသ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္း၀င္ေရး ကိစၥရပ္ေတြအျပင္ နည္းပညာကို အသံုးျပဳၿပီး ယဥ္ေက်းမႈအေမြအႏွစ္ေတြကို မွတ္တမ္းတင္ႏိုင္ေရးေတြကိုပါ ေဆာင္ရြက္ သြားမယ္လို႔ ေျပာၾကားခဲ့တာပါ။

အလားတူ ယဥ္ေက်းမႈအေမြအႏွစ္ေနရာကို 3D VR နည္းပညာနဲ႔ မွတ္တမ္းထားတဲ့ ရုပ္သံေတြကို ယဥ္ေက်းမႈ ျပတိုက္ေတြမွာ ျပသႏိုင္ေရးေတြကိုပါ ေဆာင္ရြက္သြားဖို႔ ရွိေနတာပါ။

ဒါ့အျပင္  ေရွးေဟာင္းသုေတသနဆိုင္ရာ အေရွ႕ေတာင္အာရွ သုေတသနဌာနတစ္ခုကိုပါ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းဖြဲ႔စည္းသြားဖို႔ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးနဲ့ ပညာပေးရေးလုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ သာသနာရေး ဦးစီးဌာနရုံးမှာ မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း ဖြစ်မြောက်ရေးကော်မတီဝင် တွေနဲ့ တွေ့ဆုံစဉ် ဝန်ကြီးက ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲ့ဒီလိုပြောကြားရာမှာတော့ ပထမအဆင့်အနေနဲ့ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် “ပုဂံဒေသရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပညာပေး လှုပ်ရှားမှု” ကို ပူးပေါင်း ဆောင်ရွက်သွားဖို့ရှိနေတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး ကိစ္စရပ်တွေအပြင် နည်းပညာကို အသုံးပြုပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို မှတ်တမ်းတင်နိုင်ရေးတွေကိုပါ ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့တာပါ။

အလားတူ ယဉ်ကျေးမှုအမွေအနှစ်နေရာကို 3D VR နည်းပညာနဲ့ မှတ်တမ်းထားတဲ့ ရုပ်သံတွေကို ယဉ်ကျေးမှု ပြတိုက်တွေမှာ ပြသနိုင်ရေးတွေကိုပါ ဆောင်ရွက်သွားဖို့ ရှိနေတာပါ။

ဒါ့အပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှေးဟောင်းသုတေသနဆိုင်ရာ အရှေ့တောင်အာရှ သုတေသနဌာနတစ်ခုကိုပါ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။